စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထားအသစ်ဖြင့် စတင်ကောက်ခံမည်၊ ပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာခများသည် ပြောင်းလဲမှုမရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထားအသစ်ဖြင့် စတင်ကောက်ခံမည်၊ ပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာခများသည် ပြောင်းလဲမှုမရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ  ၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ၄-၂-၂၀၂၆ ရက်နေ့က   မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌  ခရိုင်/မြို့နယ် လျှပ်စစ်မန်နေဂျာများ၊ လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံသည်။ 

ဦးစွာ  မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌ၏ ရှင်းလင်းတင်ပြမှုနှင့်စပ်လျဉ်း၍     ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် စက်မှုကဏ္ဍ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် သီးခြားဓာတ်အားလိုင်းဖြင့်  ၂၄ နာရီပေးရန် သဘောတူညီထားသော စက်မှု/ စီးပွားရေးလုပ်ငန်းများသို့ LNG To Power မှ လျှပ်စစ်ဓာတ်အားကို   ထုတ်လုပ်ဖြည့်ဆည်းပေးခဲ့သဖြင့် စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းများသို့ “စီးပွားရေးနှုန်းထား (Economic Rate)”တစ်ခုသတ်မှတ်ပြီး  ယခု ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ဓာတ်အားခနှုန်းထားအသစ်ဖြင့် စတင်ကောက်ခံမည်ဖြစ်သောကြောင့်  ဇန်နဝါရီလကုန်အထိ သုံးစွဲခဲ့သောဓာတ်အားခ ယူနစ်များကို ဌာနနှင့် မီးသုံးစွဲသူနှစ်ဦးတို့က ဖတ်၍   မှတ်တမ်းတင်ပြီး စနစ်တကျ ကောက်ခံသွားရန်နှင့် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရာတွင်လည်း  ဓာတ်အားပြတ် တောက်မှုမဖြစ်ပေါ်စေရေး တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ထိုသို့ ဓာတ်အားခပြောင်းလဲမှုများတွင် ပြည်သူလူထုသုံးစွဲနေသော အိမ်သုံးမီတာခများသည် ပြောင်းလဲမှုမရှိဘဲ ယခင်နှုန်းထားအတိုင်းသာဖြစ်ပြီး ယခင်စက်မှု လုပ်ငန်းများတွင် သုံးစွဲခဲ့သည့်ဓာတ်အားများကို ပြည်သူလူထုက ပိုမိုသုံးစွဲနိုင်မည်ဖြစ်ကြောင်း။   

အိမ်သုံးမီတာများ၊ ပါဝါမီတာများနှင့် စီတီမီတာများကို စစ်ဆေးဆောင်ရွက်ရာတွင်လည်း ဌာန၏လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ စစ်ဆေးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူကို ဝန်ဆောင်မှုပေးနေသောဌာန ဖြစ်သည့်အတွက် ပြည်သူကို  ယဉ်ကျေးပျူငှာစွာ ပြောဆိုဆက်ဆံပြီး စေတနာထား၍ အကောင်းဆုံးဝန်ဆောင်မှုပေးရန်နှင့် ဝန်ကြီးဌာန၏ ပုံရိပ်ကောင်းမွန်အောင် အားလုံးတက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)