နှစ်စဉ်လျှပ်စစ်စွမ်းအား (၂၄) ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းဖွင့်ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

နှစ်စဉ်လျှပ်စစ်စွမ်းအား (၂၄) ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည့် ကျိုင်းခမ်းရေလှောင်တမံ ဘက်စုံစီမံကိန်းဖွင့်ပြီ








ရပ်စောက်၊ ဖေဖော်ဝါရီ  6

(၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရေလှောင်တမံ ဘက်စုံစီမံကိန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းခမ်းရေလှောင်တမံ၌ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး  ဒုတိယဝန်ကြီးက ကျိုင်းခမ်းဘက်စုံရေလှောင်တမံ ရေရှည်တည်တံ့ခိုင်မြဲပြီး  အကျိုးပြုနိုင်စေရေး ဝိုင်းဝန်းစောင့်ရှောက် ထိန်းသိမ်းဆောင်ရွက်ပေးကြရန် ပြောကြားကာ ဒေသခံပြည်သူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သောဝန်ထမ်းများ အား ဂုဏ်ပြုလက်ဆောင်များနှင့် ရှမ်းတိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့နှင့်တိုးနရား အကအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး  ကျိုင်းခမ်းရေလှောင်တမံဖွင့်ပွဲကမ္ပည်းကျောက်စာတိုင်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူ တမံကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာဖြင့် ပက်ဖျန်းပေးသည်။

ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်ဒုတိယဝန်ကြီးတို့က ကျိုင်းခမ်း ရေလှောင်တမံဖွင့်ပွဲမုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တမံ၊ ရေယူအဆောက်အအုံ၊ ရေပိုလွှဲနှင့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကို     လှည့်လည်ကြည့်ရှု စစ်ဆေးကာ ရေအားလျှပ်စစ်စက်ပစ္စည်းများ တပ်ဆင်ပေးခဲ့သော တရုတ်ပညာရှင်များနှင့် စက်ရုံဝန်ထမ်းများအား ဂုဏ်ပြုသစ်သီးများ ပေးအပ်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များနှင့်အတူ တမံရှင်းလင်းဆောင် သို့ရောက်ရှိရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ်က တမံဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊  ဒုတိယဝန်ကြီးတို့အား  ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြကြောင်း သိရသည်။

ကျိုင်းခမ်းရေလှောင်တမံဘက်စုံစီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင်တည်ရှိပြီး စီမံကိန်းလုပ်ငန်းများ ပြီးစီးပါက နှစ်စဉ်လျှပ်စစ်စွမ်းအား (၂၄) ကီလိုဝပ်နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းစတင်သည်မှ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်ကုန်ထိ (၈၂.၅) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် ရရှိရန်ပုံငွေ ကျပ်သန်း (၁၂၀၀၀)ဖြင့် တမံမြေကြီးလုပ်ငန်း၊ ရေစစ်သဲခင်းခြင်းလုပ်ငန်း၊ တမံအထက်ပိုင်း အလျောကျောက်စီခြင်းလုပ်ငန်း၊ ရေအားလျှပ်စစ်ပိုင်းဆိုင်ရာ အဆောက်အအုံများ တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက် ခဲ့ပြီး ဘဏ္ဍာနှစ်ကုန်တွင် စီမံကိန်းတစ်ခုလုံး၏ (၈၈) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးရန် လျာထားဆောင်ရွက်ခဲ့သည်။ စီမံကိန်းတစ်ခုလုံးကို (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန် လျာထားဆောင်ရွက် ခဲ့သော စီမံကိန်းဖြစ်သည်။


မောင်မောင်သန်း(တောင်ကြီး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)