ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ဗီယက်နမ်-မြန်မာချစ်ကြည်ရေး ပထမအကြိမ် ဗီယက်နမ်နိုင်ငံ၏ နှစ်သစ်ကူးအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ဗီယက်နမ်-မြန်မာချစ်ကြည်ရေး ပထမအကြိမ် ဗီယက်နမ်နိုင်ငံ၏ နှစ်သစ်ကူးအခမ်းအနားကျင်းပ




ဒဂုံဆိပ်ကမ်း၊ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ် (၉၀) ရပ်ကွက်၊ ရမ္မာဝတီလမ်းတွင် ဗီယက်နမ်-မြန်မာချစ်ကြည်ရေးအရ တည်ဆောက်ကိုးကွယ်လျက်ရှိသော မဟာပုညဝိဟာရဗီယက်နမ်ကျောင်းတိုက်၊ မဟာပုညာဓိပတိသိမ်တော်ကြီး၌ ကျင်းပပြုလုပ်အပ်သော ဗီယက်နမ်နိုင်ငံတော်၏ ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအခမ်းအနားကို ယမန်နေ့က ကျင်းပသည်။

အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များက နှစ်သစ်မင်္ဂလာအန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်ခဲ့ကြပြီး မဟာပုညဝိဟာရကျောင်းတိုက် ဗီယက်နမ်ဆရာတော် သဓမ္မဇောတိဓဇဘဒ္ဒန္တဝိမလမှ ဗီယက်နမ်နိုင်ငံ၏ နှစ်သစ်ကူးပွဲကျင်းပပြုလုပ်ရသည့် အကြောင်းအား ပြောကြားခဲ့သည်။ ဆက်လက်၍ နှစ်သစ်ကူးပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဗီယက်နမ်နိုင်ငံသားများက ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့ကြပြီး ဗီယက်နမ်ဆရာတော်မှ အဆောင်ပုတီးများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် ရွှေရတုတိပိဋကဓရမော်ကျွန်းဆရာတော်ဘုရားထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှအတန်းပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ နှစ်သစ်ကူးမင်္ဂလာအခမ်းအနားအား အောင်မြင်စွာဆောင်ရွက်ခဲ့သည်။


ဖြိုးစန္ဒာ

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)