နိုင်ငံရပ်ခြားရောက် အိန္ဒိယသားတွေအတွက် အွန်လိုင်းသင်ကြားမှုတွေ လုပ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံရပ်ခြားရောက် အိန္ဒိယသားတွေအတွက် အွန်လိုင်းသင်ကြားမှုတွေ လုပ်ပေး


ဖေဖော်ဝါရီ - ၁၉ 

အိန္ဒိယနိုင်ငံ ပညာရေးက ပြိုင်ဆိုင်မှု ပြင်ထန်လွန်းသဖြင့် နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ်ကိုင်တဲ့ မိသားစုတွေ အိန္ဒိယကို ပြန်လာချိန်တွင် သူတို့ရဲ့ကလေးတွေက အလွန်အမင်း ရုန်းကန်ရတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။ အဲ့ဒိပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် KTN ဒစ်ဂျစ်တယ်အွန်လိုင်းကျောင်းက ကိုရီးယားရှိ အိန္ဒိယကလေးများကို အိန္ဒိယ၏ ပြိုင်ဆိုင်မှုပြင်းထန်သော ပညာရေးစနစ်ထဲသို့ ပြန်လည်ပေါင်းစည်းရန် ကူညီပေးနေပါတယ်။ 

ဆေးရက်ရှန်နု သည် ၂၀၀၇ ခုနှစ် မေလတွင် မိသားစုနှင့်အတူ တောင်ကိုရီးယားသို့ ရောက်ရှိလာသောအခါတွင် သားသမီးများရဲ့ ပညာရေး ဝေးကွာမှာကို စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ အဲ့ဒိတုန်းက သားက ၆ လ သားဖြစ်ခဲ့ပြီး  သမီးက ၂၀၁၄ ခုနှစ်က မွေးခဲ့တာပါ။ ဒါပေမယ့် သူတို့ ကြီးပြင်းလာတာနဲ့အမျှ၊ အထူးသဖြင့် အထက်တန်းကျောင်းတက်ဖို့ အိန္ဒိယကို ပြန်ပို့ဖို့ စဉ်းစားတဲ့အခါ သူ့အနေနဲ့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အဲ့ဒါကတော့ အိန္ဒိယ၏ ပြိုင်ဆိုင်မှုပြင်းထန်သော စနစ်အား မည်သို့ရင်ဆိုင်ကြမလဲ ဆိုတဲ့ မေးခွန်းပါပဲ။ 

ကလေးနှစ်ဦးစလုံးက ဆိုးလ်မြို့၊ အီတေဝန်  ရှိ နိုင်ငံတကာကျောင်းတစ်ခုတွင် တက်ရောက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြု သင်ရိုးညွှန်းတမ်းတွင် မတူကွဲပြားသော ယဉ်ကျေးမှုနောက်ခံများမှ အတန်းဖော်များနှင့် အတူ ကလေးတွေက ပညာသင်ကြား လေ့လာခဲ့ရတာပါ။ 

သို့သော် ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ဦးဖြစ်သည့် ရှန်နု က အိန္ဒိယရှိ တင်းကျပ်သော သင်္ချာနှင့် သိပ္ပံအတန်းများအတွက် သူ့သားသမီးတွေ ပြင်ဆင်ရန် လုံလောက်မည်မဟုတ်ကြောင်း သိထားပါတယ်။ 

"အိန္ဒိယမိသားစုအများအပြားက နိုင်ငံရပ်ခြားမှာ ရေတို သို့မဟုတ် ကာလလတ် အလုပ်စာချုပ်များဖြင့် နေထိုင်နေကြပြီး ၎င်းတို့၏ကလေးများက နိုင်ငံတကာကျောင်းများ သို့မဟုတ် ကိုရီးယားအစိုးရကျောင်းများတွင် တက်ရောက်နေကြရပါတယ်။ 

ဒါပေမယ့် သူတို့တွေအိမ်ပြန်တဲ့အခါ တော်တော်များများက အိန္ဒိယရဲ့ အကြောင်းအရာလေးလံတဲ့ ပညာရေးစနစ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်ရတတ်ပါတယ်” လို့ ၎င်းက ကိုရီးယား သတင်းဌာန တစ်ခုနဲ့ အင်တာဗျူးမှာ ဆိုပါတယ်။  အဲ့ဒါကို နားလည်သဘောပေါက်ခဲ့တဲ့အတွက်ကြောင့် နောက်ဆုံးတွင် ကိုရီးယား - တမီးလ် နမ်ဘာဂယ် (KTN) အဖွဲ့က ဒစ်ဂျစ်တယ်အွန်လိုင်းကျောင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ထောင်ခဲ့ပါတယ်။ 


REF: The Nation

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)