ဒီရက်ပိုင်းအတွင်း ပြည်ပြေး ဝရမ်းပြေး အောင်ဇော် ဦးဆောင်တဲ့ ဧရာဝတီသတင်းဌာန က KBZ နာယက ဦးအောင်ကိုဝင်း အပါအဝင် ခရိုနီကြီးများကို ပစ်မှတ်ထားရေးသားမှုတွေ ခပ်စိပ်စိပ်လုပ်လာတာကို သတိပြုမိကြမယ် ထင်ပါတယ်။
ပြည်ပြေး အောင်ဇော်ကို တော်လှန်ရေးရဲ့ဘက်တော်သား၊ စစ်အာဏာရှင်ကို ဆန့်ကျင်သူလို့ ထင်ရင်တော့မှား ပါလိမ့်မယ်။ အောင်ဇော် က အကျိုးအမြတ်မရှိရင် ဘယ်အလုပ်ကိုမှ မလုပ်ပါဘူး။ လူမျိုးလိမ် ဖန်တီးအသုံးပြုခြင်း၊ အကြမ်းဖက်လှုံ့ဆော်ခြင်း အစရှိတဲ့ အလုပ်တွေအတွက် ငွေကြေးရယူပြီး လက်ခံထားတာဖြစ်တဲ့အတွက် မဆုတ်မနစ် အလုပ် လုပ်ပေးပါတယ်။ တပ်မတော်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို အစထားပြီး တပ်မတော်အကြီးအကဲတွေကို ပစ်မှတ်ထား လုပ်ကြံဖန်တီးရေးသား ဖြန့်ဝေမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်လေ ငွေရလေပါပဲ။
တပ်မတော်နဲ့ ပြည်သူကို သွေးခွဲပြီး ငွေရှာတဲ့ အလုပ်ကို သူတို့တွေ အစဉ်တစိုက် လုပ်ကြပါတယ်။ မီဒီယာလောကမှာ ဒီထက်ဝင်ငွေကောင်းတဲ့ အလုပ် မရှိတော့ပါဘူး။ ဒါကြောင့်ပဲ ပြည်ပြေး ဝရမ်းပြေးတွေဟာ ဒီအလုပ်ကို အစဉ်တစိုက် လုပ်ကြပါတယ်။
တပ်မတော်နဲ့ နီးစပ်တဲ့ လုပ်ငန်းရှင်ကြီးတွေ ရှိပါတယ်။ လူထုကြားမှာ ခရိုနီအဖြစ် လူသိများတဲ့ ပုဂ္ဂိုလ်တွေပေါ့။ အဲဒီလို လူတွေကို ပစ်မှတ်ထားရေးသားခြင်းဟာလည်း ငွေရှာနည်းတစ်မျိုးပါပဲ။ လုပ်ငန်းရှင်ကြီးတွေအနေနဲ့ က သူတို့ကို အစဉ်တစိုက် ပစ်မှတ်ထား ရေးသားနေတဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ အများပြည်သူ အထင်အမြင်မှားမှာ စိုးရိမ်ကြတယ်။ ဒီကောင်တွေ ပေါက်ပန်းစေးရေးလို့ ဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားဖို့ရာလည်း မဖြစ်နိုင်ဘူး။ ပြည်ပြေးဆိုတော့ စည်းလွတ်၊ ဘောင်လွတ် စိတ်ကူးထဲ ထင်ရာမြင်ရာ စွတ်စွဲရေးသား ဖြန့်ဝေလိုက်ရင် ဖတ်ရှု နားထောင်မိသူတွေမှာလည်း ခရိုနီကြီးများအပေါ် အမုန်းတရားတွေ ဖြစ်လာမယ်။
ခရိုနီကြီးတွေမှာ တိုင်ကြားလို့လည်း မရ၊ ဥပဒေကြောင်းအရလည်း ဆောင်ရွက်လို့ မရတဲ့အခါ ဒီကောင်တွေကို ငွေပေးပြီးတော့ပဲ နှုတ်ပိတ်ရတာ ဖြစ်ပါတယ်။
ဧရာဝတီသတင်းဌာန က ပြည်ပြေး အောင်ဇော် က အဲဒီလို ဂွင်ဖန်တဲ့နေရာမှာ ကျွမ်းကျင်သူဖြစ်ပါတယ်။ ခရိုနီကြီးတွေဟာ သူ့အတွက် ငွေတွင်းပဲ ဖြစ်ပါတယ်။
နောင်တော်လေး (ဘိုကလေး)

No comments:
Post a Comment