၂၈၃ ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီးအကဲများအစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၈၃ ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီးအကဲများအစည်းအဝေးသို့ မြန်မာသံအမတ်ကြီး တက်ရောက်



ကိုင်ရို၊ ဖေဖော်ဝါရီ ၄

အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်သည် ၃-၂-၂၀၂၆ ရက်နေ့ နံနက် ၁၁၀၀ နာရီတွင် ကိုင်ရိုမြို့၊ Four Seasons ဟိုတယ်၌ ကျင်းပပြုလုပ်သည့် ၂၈၃ ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ 

အစည်းအဝေးအား အာဆီယံ-ကိုင်ရိုကော်မတီ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ၊ သံအမတ်ကြီးက သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး ကိုင်ရိုမြို့ရှိ အာဆီယံ (၉) နိုင်ငံမှ သံအမတ်ကြီးများ၊ သံရုံးဒုတိယအကြီးအကဲများနှင့် ကော်မတီလုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေး၌ အာဆီယံ-ကိုင်ရိုကော်မတီ၏ ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များအပေါ် ဆွေးနွေးခြင်း၊ သံရုံးအသီးသီးက အီဂျစ်နိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး ကိစ္စရပ်များ မျှဝေခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။ ၂၀၂၆ အာဆီယံကိုင်ရိုကော်မတီ၏ လုပ်ငန်း အစီအစဉ်နှင့်ပတ်သက်၍ မြန်မာသံအမတ်ကြီးက အာဆီယံ-ကိုင်ရို ကော်မတီနှင့် သက်ဆိုင်ရာ အီဂျစ်အစိုးရအဖွဲ့ဝန်ကြီးများ ထိတွေ့ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရေးနှင့်စပ်လျဉ်း၍ အာဆီယံ နိုင်ငံများ၏ အဓိက ကဏ္ဍဖြစ်သော စိုက်ပျိုးရေးကဏ္ဍတွင် အီဂျစ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အလားအလာများကို အီဂျစ်စိုက်ပျိုးရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေးကိစ္စအား အကြံပြု ဆွေးနွေးခဲ့သည်။ 

အစည်းအဝေးပြီးနောက် ထိုင်းသံအမတ်ကြီးက တက်ရောက်လာကြသူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ 


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)