မောက်မယ်၊ ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ကျရာအခန်းကဏ္ဍ၌ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သည့် မြန်မာအီလက်ထရောနစ်(MEVM)နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသော မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များအား မြို့နယ်အုပ်ချုပ်ရေးမှူးက ဂုဏ်ပြုချီးမြှင့်ဆုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)
#MNP #News


No comments:
Post a Comment