ရွှေတောင် ၊ ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အမှတ်(၁) ချည်မျှင်နှင့် အထည်စက်ရုံရှိ ဝန်ထမ်းများနှင့် မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လျင်မြန်စွာမီးငြှိမ်းသတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မီးငြှိမ်းသတ်နည်းဟောပြောပွဲနှင့် ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် အမှတ်(၁) ချည်မျှင်နှင့် အထည်စက်ရုံရှေ့တွင် ဆောင်ရွက်ခဲ့သည်။
ထို့နောက် ရွှေတောင်မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းမှ မီးဘေးအသိ/သတိရှိစေရန်၊ မီးလောင်ဆုံးရှုံးမှုမဖြစ်စေရေးအတွက် မီးသတ်ဆေးဘူးအသုံးပြုပုံကို ရှင်းလင်းပြောကြားခဲ့ပြီး မီးသတ်ဆေးဘူးကို အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုကို ဖုံးအုပ်ငြှိမ်းသတ်နည်း၊ ဂက်စ်မီးလောင်မှုကို ငြှိမ်းသတ်နည်းနှင့် မီးဘေးလုံခြုံရေးအတွက် ပြုလုပ်ဆောင်ရွက် သရုပ်ပြခဲ့ကြသည်။
အဆိုပါ မီးငြှိမ်းသတ်နည်း သရုပ်ပြလေ့ကျင့်ရာတွင် ရွှေတောင်မြို့နယ်၊ အမှတ်(၁) ချည်မျှင်နှင့် အထည်စက်ရုံဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန်နှင့် သိရှိပြီး လိုက်နာဆောင်ရွက်တတ်စေရန်အတွက် လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောက်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment