ဖေဖော်ဝါရီ ( ၁၄ ) စနေနေ့ )
ထိုင်းဘုရင့်တပ်မတော်ရဲ့ ၂၀၂၆ ခုနှစ်အတွက် အွန်လိုင်းစစ်သားစုဆောင်းမှုသည် ၁၀၅.၉ % ဖြင့် မှတ်ပုံတင်မှုရရှိခဲ့တာကြောင့် မျှော်မှန်းထားတာထက် ကျော်လွန်နေတယ်လို့ သိရပါတယ်။ အဲ့ဒိရလဒ်က ထိုင်းလူငယ်များအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်ဖို့အတွက် စိတ်ပါဝင်စားမှုနှင့် ယုံကြည်မှုရှိတယ်ဆိုတာကို အခိုင်အမာပြသခဲ့တာပဲ ဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်ရန် တပ်သားသစ် ၂၀,၄၀၂ ဦးကို ရွေးချယ်ထားတယ်လို့ လည်း သိရပါတယ်။
ထိုင်းဘုရင့်တပ်မတော် ရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး ယာဒါ ချိုသာတူထရကူက ၂၀၂၆ (အထူးတောင်းဆိုမှုဖြင့် စစ်မှုထမ်းရန်) အွန်လိုင်းတပ်သားစုဆောင်းမှုသည် ၂၀၂၆ ဇန်နဝါရီ ၂၅ ရက်နေ့မှာ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း ဆိုပါတယ်။ ထိုင်းစစ်တပ် ကနဦးတွင် စစ်မှုထမ်း ၂၈၂၀၉ ဦးကို စုဆောင်းရန် ရည်မှန်းထားပေမဲ့ လျှောက်ထားသူ ၂၉၈၉၀ ရှိခဲ့ပါတယ်။
လျှောက်ထားသူ စုစုပေါင်းအရေအတွက်ထဲမှ ထိုင်းစစ်တပ်က အရည်အချင်းစစ်ခြင်း၊ စာရွက်စာတမ်း စစ်ဆေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်ပြီးနောက် လူပေါင်း ၂၀၄၀၂ ဦး အား ရွေးချယ်ခေါ်ယူခဲ့ပါတယ်။ ၎င်းတို့အတွက် ခန့်အပ်စာများကို ၂၀၂၆ မေလ ၁ ရက်နေ့ နဲ့ ၃ ရက်နေ့များမှာ ပေးပို့သွားမယ်လို့ စီစဉ်ထားပါတယ်။
အွန်လိုင်း ခေါ်ယူရေးလုပ်ငန်းစဉ်မှတဆင့် လျှောက်ထားရွေးချယ်ထားသော လူသစ်များကို သီးသန့်အခွင့်အရေးများ ပေးမှာ ဖြစ်ပါတယ်။ ၎င်းတို့တွင် ရာထူးလျှောက်ထားသူများအတွက် အပိုဆောင်းပညာသင်ရမှတ်များနှင့်အတူ ထိုင်းဘုရင့်တပ်မတော်တွင် ဗိုလ်လောင်းဖြစ်ရန် စာမေးပွဲဖြေဆိုရန် အရည်အချင်းပြည့်မီမှု ပါဝင်ပါတယ်။ ထို့အပြင် ၎င်းတို့သည် ကျန်းမာရေးစောင့်ရှောက်မှု၊ အထွေထွေသက်သာချောင်ချိရေး၊ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ အခွင့်အလမ်းများ၊ ပုံမှန်စစ်မှုထမ်းလစာ၊ ထောက်ပံ့ကြေးနှင့် နေထိုင်စရိတ် ကဲ့သို့သော အကျိုးကျေးဇူးများစွာကို ခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။
Ref: The Nation
#MNP #News



No comments:
Post a Comment