ဖေဖော်ဝါရီ - ၄ ( ဗုဒ္ဓဟူးနေ့ )
ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) အကြီးအကဲ အင်ဖန်တီနို ကို ယူကရိန်းနိုင်ငံပိုင် ကျောထောက်နောက်ခံပြု မီရောဗိုရက် ဝဘ်ဆိုက်က ဦးစီးပြုစုတဲ့ “ လုပ်ကြံမှုစာရင်း” ထဲမှာ ထည့်သွင်းထားတာကို တွေ့ရပါတယ်။ အဲ့ဒိဝက်ဘ်ဆိုက်က ယူကရိန်း ရဲ့ ရန်သူများလို့ တံဆိပ်ကပ်ထားသော လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လွှင့်တင်ထားပါတယ်။
အင်ဖန်တီနိုက ယူကရိန်းနိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေအပေါ်မှာ ရန်စမှုများလုပ်နေခြင်း၊ ရုရှားနှင့် “စနစ်တကျ ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှု” လုပ်နေခြင်း နဲ့ ရုရှားရဲ့ “ဝါဒဖြန့်ချိရေး” တို့ကို ဖြန့်ကြက်ပေးရာမှာ ကူညီပေးနေတယ်လို့ အဆိုပါ ဝဘ်ဆိုက်က စွပ်စွဲထားပါတယ်။
ရုရှားဘောလုံးကစားသမားတွေ နိုင်ငံတကာပြိုင်ပွဲတွေမှာ ထပ်မံပါဝင်ခွင့်ရသင့်တယ် ဆိုပြီး မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အင်ဖန်တီနိုက ပြောခဲ့တဲ့အတွက် ယူကရိန်းအရာရှိတွေက အင်ဖန်တီနိုကို တိုက်ခိုက်ခဲ့ပါတယ်။ ရုရှား အားကစားသမားတွေကို ပိတ်ပင်မှုများနှင့် သပိတ်မှောက်မှုများသည် “စိတ်ပျက်မှုနှင့် မုန်းတီးမှုကို ပိုမိုဖြစ်ပေါ်စေသည်”လို့ အင်ဖန်တီနိုက ပြောခဲ့လို့ပဲဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကတော့ အင်ဖန်တီနိုကို “ကိုယ်ကျင့်တရား ပျက်ယွင်းနေတဲ့ သူ” ဆိုပြီး တံဆိပ်ကပ်ခဲ့ပါတယ်။၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ရုရှား-ယူကရိန်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် ရုရှားအားကစားသမားများအား FIFA နှင့် UEFA ပြိုင်ပွဲများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမှ တားမြစ်ခံခဲ့ရပါတယ်။ မော်စကိုကတော့ အဆိုပါတားမြစ်ချက်များကို ခွဲခြားဆက်ဆံပြီး အိုလံပစ်ပဋိညာဉ်ကို ချိုးဖောက်မှုအဖြစ် ရှုတ်ချထားပါတယ်။
မီရောဗိုရက် ဝက်ဘ်ဆိုက် က အမှီအခိုကင်းစွာလည်ပတ်နေပေမဲ့ ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုများနှင့် နီးကပ်သောဆက်ဆံရေးကို ထိန်းသိမ်းထားပါတယ်။ အဲ့ဒိဝက်ဘ်ဆိုက်က ယူကရိန်းရန်သူများကို စာရင်းဇယားပြုစုပြီး ကိုယ်ရေးရာဇဝင်နဲ့ အချက်အလက်များကို တင်ပေးထားပါတယ်။ အဲ့ဒိလုပ်ကြံသတ်ဖြတ်ရေး စာရင်းထဲမှာ ပါတဲ့သူအချို့က နောက်ပိုင်းမှာ သတ်ဖြတ်ခံရသလို သံသယဖြစ်ဖွယ် အခြေအနေတွေနဲ့ သေဆုံးခဲ့ကြပါတယ်။ နောက်ပြီး သူတို့က ဘယ်နေ့ဘယ်ရက်မှာ ဘယ်သူ့ကို လုပ်ကြံရမယ်ဆိုတဲ့ ဇယားကွက်ကိုပါ ရေးဆွဲထားထားပါတယ်။
REF: RT
#News #MNP

No comments:
Post a Comment