မြောက်ဥက္ကလာပမြို့နယ်၌ ပြည်ထောင်စုနေ့ အထိမ်း အမှတ် အကြိုမူကြိုကလေးများအား ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ ပြည်ထောင်စုနေ့ အထိမ်း အမှတ် အကြိုမူကြိုကလေးများအား ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်









မြောက်ဥက္ကလာပ၊ ဖေဖော်ဝါရီ  ၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မှော်ဘီခရိုင် နှင့် မရမ်းကုန်း ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့မှ ပြည်ထောင်စုနေ့ အကြို အဖြစ် ကြီးမှူးကျင်းပသော မူကြိုကလေးများအားကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန် (ဌ) ရပ်ကွက် ၊ စကားဝါလမ်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲ မူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ  မရမ်းကုန်းခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ရန်ကုန် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ် နှင်းဇာခြည်ဦးက အမှာစကား ပြောကြားပြီး  ပြည်ထောင်စုနေ့  အထိမ်း အမှတ် အကြိုအဖြစ်ကျင်းပသော မှော်ဘီခရိုင် နှင့် မရမ်းကုန်းခရိုင်တို့မှ မူကြိုကလေးငယ်များ၏ ကာယ၊ဥာဏယှဥ်ပြိုင်မှုများဖြစ်သော   အရုပ် ကောက်ပြိုင်ပွဲ ၊ ရေသန့်ဘူးခွက်စွပ် ပြိုင်ပွဲ ၊ ဘောလုံး ဖောက်ပြိုင်ပွဲ ၊ နွေ ၊ မိုး ၊ ဆောင်း သုံးရာသီ ဆေး ရောင်ခြည်ပြိုင်ပွဲ ၊ ပုံ ပြောပြိုင်ပွဲ ၊ သီချင်းဆို ပြိုင်ပွဲ များကို မူကြိုကလေးငယ်များက အသီးသီးပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် မူကြို ကလေး များက တေးသီချင်းအမျိုးမျိုးဖြင့်ကပြဖျော်ဖြေခဲ့ကြရာ ကလေးငယ်များအားအမှတ်တရဂုဏ်ပြုလက်ဆောင်များ နှင့် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြောက်ဥက္ကလာပမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆရာမအားဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။

အဆိုပါ  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲသို့ ရန်ကုန် တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ် နှင်းဇာခြည်ဦး နှင့် အဖွဲ့ဝင်များ၊  မှော်ဘီခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ ၊ မရမ်းကုန်းခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေါ်သက်မာလွင်နှင့်အဖွဲ့ဝင်များ၊‌မြောက်ဥက္ကလာပမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်ဇင်မာ‌အောင်နှင့်အဖွဲ့ဝင်များ၊မရမ်းကုန်းမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ မှော်ဘီမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ လှိုင်မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမများ ၊ ဖိတ်ကြားထားသော ဧည့်သည့်များ ၊ အလှူရှင်များ ၊ ကလေး သူငယ်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)