ဥပဒေဘောင်အတွင်း ဝင်းရောက်ခြင်းဟာ အကောင်းဆုံးရွေးချယ်မှုပါ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဥပဒေဘောင်အတွင်း ဝင်းရောက်ခြင်းဟာ အကောင်းဆုံးရွေးချယ်မှုပါ


ဒီရက်ပိုင်းအတွင်း ပြည်ဖျက်မီဒီယာတွေမှာ ဝေဝေဆာဆာ ရေးသားဖော်ပြနေကြတဲ့ ခေါင်းစဉ်က အာဏာသိမ်း ကာလ (၅)နှစ်ပြည့်ဆိုတာကို ခေါင်းစဉ်အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပေါက်ပန်းစေးတွေ လုပ်ကြံဖန်တီးရေးသားဖော်ပြပြီး အကြမ်းဖက်လှုပ်ရှားမှု ဆက်လက်လုပ်ဆောင်ဖို့ လှုံ့ဆော်ရေးသားတဲ့ ဖော်ပြမှုပုံစံတွေ ဖြစ်ပါတယ်။

BBC, DVB, Mizzima, The Irrawaddy အပါအဝင် ပြည်ဖျက်မီဒီယာတွေရဲ့ အစွမ်းကိုလည်း လျှော့တွက်လို့ မရပါဘူး။ တပ်မတော်နဲ့ ပြည်သူကို သွေးခွဲတဲ့နေရာမှာ သိပ်ကို လက်သံပြောင်တယ်။ သူတို့တွေရဲ့ လုပ်ကြံဖန်တီးပြီး အမုန်းတရား ဖြန့်ဝေမှုတွေက ထိရောက်တယ်လို့လည်း ပြောနိုင်ပါတယ်။ သူတို့ရဲ့ ရေးသားပြောဆို လှုံ့ဆော်မှုတွေမှာ နားယောင်ပြီး လူကြီး၊ လူငယ်အများအပြားဟာ တပ်မတော်ကို တော်လှန်ပုန်ကန်ဖို့ အဖွဲ့မျိုးစုံဖွဲ့စည်းပြီး ဗမာမုန်းတီးရေးဝါဒီတွေဖြစ်တဲ့ KNU, KIA တို့လို တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်အဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းပြီး အကြမ်းဖက်လှုပ်ရှားမှုမှာ ပါဝင်တဲ့ အကြမ်းဖက်သမားတွေ ဖြစ်လာကြပါတယ်။

ပြည်ပြေးဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်သမျှကို အဟုတ်ကြီးထင်ပြီး မိုက်လုံးထွားခဲ့တဲ့ လူကြီး၊ လူငယ်မှန်သမျှဟာ အပြစ်မဲ့ ရဟန်းရှင်းလူပြည်သူများကို ခေါင်းစဉ်မျိုးစုံနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ခဲ့ကြတယ်။ ရက်စက်ယုတ်မာရိုင်းစိုင်းမှုတွေကို အစွမ်းကုန်ပြခဲ့ကြတယ်။ အဲဒီလောက်အထိ မိုက်လုံးထွားလာအောင်ကို ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေ စွမ်းနိုင်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ အမုန်းတရား ဖြန့်ဝေမှုတွေဟာ လူငယ်ထုကြားမှာ ဘယ်လောက်အထိ စိမ့်ဝင် ထိရောက်သွားသလဲဆိုရင် ကျောင်းသားတွေက ကိုယ့်ဆရာမကို ပြန်ပြီး လုပ်ကြံသတ်ဖြတ်သည်အထိ နိုင်ငံရေးမှိုင်းတိုက်မှုက ကြောက်စရာကောင်းလှပါတယ်။

တော်လှန်ရေးလို့ အသံကောင်းဟစ်ပြီး လူငယ်တွေကို အကြမ်းဖက်သမားများအဖြစ် အသုံးချခဲ့တဲ့ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုက ဘာတွေ ရှိသလဲလို့ မေးရင် ဘာမှ တာဝန်ယူ တာဝန်ခံစရာ မလိုပါဘူး။ လူငယ်လူရွယ်တွေကို မိုက်လုံးထွားလာပြီး လက်ရဲဇာတ်ရဲ သတ်ရဲဖြတ်ရဲဖြစ်အောင် စဉ်ဆက်မပြတ် လှုံ့ဆော်ပေးတဲ့ အလုပ်သာ သူတို့ရဲ့ အဓိက တာဝန်ပါ။ 

မိုက်လုံးထွားလာတဲ့ လူငယ်လူရွယ်တွေက ကိုယ့်ရပ်ကိုယ့်ရွာကို ကိုယ်တိုင် ပြန်ဖျက်ဆီး၊ ကိုယ့်ရွာသူရွာသားအချင်းချင်း ဖမ်းဆီးသတ်ဖြတ်ခိုင်း၊ ငွေကြေးပြည့်စုံတဲ့သူဆီက ဓားပြတိုက် လုယက်ခိုင်းပြီး တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လက်နက်နဲ့ ပြည်သူကို ခြိမ်းခြောက် အနိုင်ကျင့် ဂုပ်သွေးစုပ်တဲ့ လူရမ်းကားတွေအဖြစ် သမိုင်းမှတ်တမ်းတင်ခဲ့ကြပါတယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေအနေနဲ့ သူတို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ခဲ့တဲ့ လူငယ်တွေအတွက် ဘာတွေ တာဝန်ယူသလဲလို့ မေးရင် ဘာမှ တာဝန်မယူပါဘူး။ လူငယ်တွေကြားမှာ ကြီးနိုင်ငယ်ညှဉ်းပြဿနာတွေ၊ အဓမ္မပြုကျင့်စော်ကားမှုတွေ ဖြစ်လာပြီး အချင်းချင်း ဖမ်းဆီးသတ်ဖြတ်မှုတွေ ဖြစ်ပေါ်သည်အထိ လူစင်စစ်ကနေ ဆင်ခြင်တုံတရားကင်းမဲ့လွန်းတဲ့ တိရစ္ဆာန်တွေလို ဖြစ်နေကြတဲ့ သတင်းတွေကလည်း ဟိုးလေးတကြော်ကြော်ပါပဲ။

ဒီလိုအခြေအနေဆိုးကနေ ရုန်းထွက်ခဲ့တဲ့ လူငယ်တချို့ ရှိပါတယ်။ PDF ထဲကို ရောက်သွားတဲ့ လူငယ်တွေထဲမှာ တချို့ NLD လွှတ်တော်အမတ်များနဲ့ နီးစပ်ပြီး နိုင်ငံရေးမှိုင်းဝနေသူတွေ ဖြစ်ပါတယ်။ တချို့ကတော့ အဓမ္မသိမ်းသွင်းခြင်းခံရပြီး ဖိနှိပ်စော်ကားခံနေရတဲ့ လူငယ်တွေ ဖြစ်ပါတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာတဲ့ လူငယ်တွေရဲ့ ပြောစကားတွေကို ကြည့်ခြင်းအားဖြင့် ကြီးနိုင်ငယ်ညှဉ်းဝါဒ၊ လူငယ်တွေကို မူးယစ်ဆေးနဲ့ ဖျက်ဆီးပြီး သေပွဲဝင်ခိုင်းနေခြင်းပဲ ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေကတော့ ယနေ့အချိန်အထိ လေသံက တပြားသားမှ မလျော့ပါဘူး။ နိုင်နေတုန်းပဲ။ သူတို့တွေက ပြည်မမှာနေပြီး တော်လှန်ရေးကြီးကို ဦးဆောင်သတဲ့။ တိုင်းပြည်ရဲ့ ပြင်ပကနေ အလွတ်တန်း အားရပါးရ အာချောင်နေကြတုန်းပဲ။ သူတို့တွေရဲ့ အသုံးချခံလူငယ်တွေမှာတော့ KIA လက်အောက်မှာ သေပွဲဝင်ခဲ့ရသူတွေ၊ MNDAA လက်အောက်မှာ သေပွဲဝင်ခဲ့ရသူတွေ၊ TNLA လက်အောက်မှာ သေပွဲဝင်ခဲ့ရသူတွေ၊ KNU လက်အောက်မှာ သေပွဲဝင်ခဲ့ရသူတွေလည်း မနည်းတော့ပါဘူး။

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့က လူတွေကပဲ နိုင်ငံရေးပါးဝတလား၊ KNU, KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေကပဲ နိုင်ငံရေးအပါးဝတာလား စဉ်းစားကြည့်ကြအုံး။ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဖြစ်စဉ်များမှာ KIA, PDF ပူးပေါင်းတိုက်ခိုက်ရင် PDF က အသေခံတပ်သား၊ KNU နဲ့ PDF ပူးပေါင်းတိုက်လည်း PDF က အသေခံတပ်သား။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက သူတို့တပ်ဖွဲ့ဝင် ကျဆုံးရင် အလောင်းရအောင်သယ်တယ်။ ကောင်းစွာ မြေမြုပ်ပေးသေးတယ်။ PDF ကျဆုံးရင်တော့ ကျီးထိုးထိုး၊ ခွေးစားစား ချောထဲ ကန်ချခဲ့တာပဲ။ PDF တွေဟာ ဘယ်သူတွေအတွက် သူတို့ဘဝတွေကို စတေးပေးနေရသလဲ တွေးကြည့်ပေါ့။

PDF အတွက်ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ပြည်ပမှာ ခွက်ခေါက်တဲ့သူတွေ သူဌေးဖြစ်ကုန်ကြတယ်။ PDF တွေကတော့ လူသတ်ပေးမှ ငွေရတဲ့ လူသတ်အကြမ်းဖက်သမားတွေ ဖြစ်လာတယ်။

PDF ထဲကို ရောက်ရှိသွားတဲ့ လူကြီး၊ လူငယ်အကုန်လုံး ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ သဘောတရားကို သိသင့်သလောက်တော့ သိကြပြီလို့ ယူဆပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အကြမ်းဖက်အဖွဲ့တွေနဲ့ ထပ်မံပြီး မဟာမိတ်ဖွဲ့တိုက်ခိုက်မှုတွေ လုပ်ဖို့ ပြည်ပြေး ဝရမ်းပြေးတွေက စီစဉ်နေကြပြန်သေးတယ်။ သေပွဲဝင်ဖို့ PDF တွေ အသင့်ပြင်ထားပေါ့။

နိုင်ငံတော်အစိုးရက လူငယ်လူရွယ်တွေ လမ်းမှာမရောက်စေဖို့၊ ဥပဒေဘောင်အတွင်း ဝင်ရောက်နိုင်ဖို့ လမ်းဖွင့်ပေးထားတယ်။ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတွေကိုလည်း သတ်မှတ်ချက်များနှင့်အညီ ကူညီထောက်ပံ့ပေးနေတာကိုလည်း တွေ့မြင်နေရပါတယ်။ PDF အဖွဲ့များထဲမှာ ရှိနေသေးတဲ့ ညီငယ်၊ ညီမငယ်များအနေနဲ့ ဥပဒေဘောင်အတွင်းကို ပြန်လည်ရောက်ရှိနေပြီဖြစ်တဲ့ မိမိတို့ရဲ့ အသိမိတ်ဆွေများနဲ့ ဆက်သွယ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်းဟာ မင်္ဂလာပါ။ မိမိကိုယ်ကို ကောင်းမွန်စွာ ပြန်လည်ထိန်းကျောင်းနိုင်မှာ ဖြစ်သလို မိမိကြောင့် အများပြည်သူ အတိဒုက္ခရောက်ရတဲ့ အခြေအနေမျိုးတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ ပြည်ဖျက်မီဒီယာတွေရဲ့ အမုန်းတရားဖြန့်ဝေမှုတွေကို နားယောင်ပြီး ဆက်မိုက်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။


နောင်တော်လေး (ဘိုကလေး)

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)