နေပြည်တော်၊ ဖေဖော်ဝါရီ ၄
နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယမန်နေ့က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် အမှာစကားပြောကြားစဉ် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ခဲ့မှု အခြေအနေကို ထည့်သွင်းပြောဆိုသွားသည်။
ဗိုလ်ချုပ်မှူးကြီး က "ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းအနက် ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းပေးခဲ့ကြသည်ကို တွေ့မြင်ရကြောင်း၊ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း၊ မဲစာရင်းရလာဒ်များအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ အနေဖြင့် ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီ ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ ရှေ့ဆောင်ပါတီ အနေဖြင့် ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် ၆ ဒသမ ၁၇ ရာခိုင်နှုန်းရရှိခဲ့ သည်ကို တွေ့ရှိရကြောင်း၊ ပြည်သူများနှင့်ထိတွေ့မှုများပြား သည့်ပါတီများအနေဖြင့် ပြည်သူများ၏ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ဗိုလ်ချုပ်မှူးကြီး က နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ကို ၂၀၂၃ခုနှစ်တွင် စတင်ခွင့်ပြုဆောင်ရွက်ပေးခဲ့ ပြီး ပါတီဝင်များတိုးပွားရေးအတွက်လည်း ပါတီဝင်စည်းရုံးရေးလုပ်ငန်းများကို ခွင့်ပြု ပေးထားခဲ့ကြောင်း၊ပါတီဝင်များရအောင်စည်းရုံးခြင်းသည် ပြည်သူလူထုကိုစည်းရုံးခြင်း ပင်ဖြစ်ပြီး ပြည်သူကိုတစ်စိတ်တစ်ပိုင်းစည်းရုံးခွင့်ရခြင်းပင်ဖြစ်ကြောင်း၊ ပါတီဝင် အင်အားများလာပါက ထောက်ခံသူများပြားလာမည်ဖြစ်ပြီး ပါတီဝင်များစုဆောင်းခွင့် နှင့် မဲဆွယ်စည်းရုံးခြင်း လုပ်ငန်းစဉ်များကိုလည်း နည်းလမ်းတကျခွင့်ပြုပေးထားခဲ့ကြောင်း၊ သို့သော်လည်း အချို့ပါတီများအနေဖြင့် ပေးထားသည့် အခွင့်အလမ်းများကို ထိရောက် စွာအသုံးချနိုင်မှု မရှိခဲ့သည်ကိုတွေ့ရပြီး မြို့ကြီးအချို့၌သာ ရုံးဖွင့်၍ ဆောင်ရွက်ခဲ့ကြသည်ကို တွေ့မြင်ရကြောင်း၊ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းအနက် ၁၃ ဒသမ ၁၃ သန်း လာရောက်မဲပေးခဲ့ကြပြီး ရာခိုင်နှုန်းအားဖြင့် ၅၄ ဒသမ ၂၂ ရာခိုင်နှုန်းပေးခဲ့ကြသည်ကို တွေ့မြင်ရကြောင်း၊ ပါတီပေါင်း ၅၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်မှာ ၆ ပါတီရှိခဲ့ကြောင်း၊ မဲစာရင်းရလာဒ်များအရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၄၄ ဒသမ ၁၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ အနေဖြင့် ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း၊ ပြည်သူ့ပါတီ ၈ ဒသမ ၈၅ ရာခိုင်နှုန်း၊ ပြည်သူ့ ရှေ့ဆောင်ပါတီ အနေဖြင့် ၇ ဒသမ ၆၅ ရာခိုင်နှုန်း၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် ၆ ဒသမ ၁၇ ရာခိုင်နှုန်းရရှိခဲ့ သည်ကို တွေ့ရှိရကြောင်း၊ ပြည်သူများနှင့်ထိတွေ့မှုများပြား သည့်ပါတီ များအနေဖြင့် ပြည်သူများ၏ထောက်ခံမှုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတစ်ခုကို မိမိတို့အနေဖြင့် ဖော်ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ မဲပေးရာတွင်လည်း မဲမသမာမှု ဆောင်ရွက်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ် မဲပေးစနစ် MEVM စက်များဖြင့်ဆောငရွက်ခဲ့ခြင်းဖြစ်ပြီး သမာသမတ်ကျသည့် ရွေးကောက်ပွဲအဖြစ် ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်မဲများနှင့် ပတ်သက်၍ လည်း တိကျစွာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မဲဆန္ဒရှင်များ၏ စာရင်းကိုစနစ်တကျ စိစစ်ကောက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်မဲပေးရာ တွင် ၁ သိန်း ၄ သောင်း ကျော်ခန့် ပယ်မဲဖြစ်ပေါ်ခဲ့ကြောင်း၊ ခိုင်လုံသည့်အကြောင်း ပြချက်ဖြင့် လျှောက်ထားသည့်သူများအား ကြိုတင်မဲများခွင့် ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ ကြိုတင်မဲပေးရာ တွင်လည်း စနစ်တကျဖြင့် ဆန္ဒမဲပေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် မဲသမာမှု မဖြစ်နိုင်ကြောင်း၊ ရွေးကောက်ပွဲတွင် လာရောက်ဆန္ဒမဲမပေးကြသူများ အနေဖြင့် မိမိတို့ထောက်ခံလိုသူများမပါသဖြင့်မဲမပေးခြင်း၊ ဒေသလုံခြုံရေးအရ မဲမပေးခြင်း၊ မိမိတို့၏ မဲပေးပိုင်ခွင့်ရှိမှုကိုမသိရှိခြင်း၊ ခြိမ်းခြောက် အကြပ်ကိုင်မှုများ၊ သွေးထိုး လှုံ့ဆော်မှုများကြောင့် မဲပေးရန် မလာရောက်နိုင်ခြင်းများ လည်းရှိကြောင်း သုံးသပ်ပြောဆိုသွားသည်။
#News #MNP


No comments:
Post a Comment