နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး



နေပြည်တော် ၊  ဖေဖော်ဝါရီ ၁၄

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာ အုပ်စုတွင် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ရှမ်းစုအရှေ့ကျေးရွာနှင့် ဒက္ခိဏသိရိမြို့နယ်၊ ရဲဒီးကျေးရွာသို့ ဆက်သွယ်သည့်လမ်းအား၊ အရှည်ပေ၀/၇.၁၈မိုင်၊ အကျယ်၁၆ ပေရှိကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ နေပြည်တော်ကောင်စီ၏ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အမှတ်(၃)ရပ်ကွက် -ကြို့ပင်သာ-ရှမ်းစုအရှေ့-ရှမ်းစုအနောက်-ကန်လှ-စမ်းလေးကုန်း ကျေးရွာချင်းဆက်လမ်းပေါ်တွင် Twin Box နှင့် ကတ္တရာချဉ်းကပ်လမ်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား  ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ မှန်တောကျေးရွာ၊ ကွင်းအမှတ် ၁၈၁၁တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အရှည်ပေ ၃၀၀၀၊ အကျယ် ၁၂ပေ ရှိကုန်ထုတ်လမ်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး၍ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးမှာကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည်လယ်ဝေးမြို့နယ်၊ သရက်ခုန်(အနောက်) ကျေးရွာအနီးတွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံ‌ငွေဖြင့် တည်ဆောက်ရေး(၅)မှ ချောင်းမငယ် တူးမြောင်းမကြီး RD-၈၇၁၀ ပေနှင့် RD - ၉၁၆၀ပေကြား တူးမြောင်းအဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်း၊ (လိုင်နင်စီခြင်း အလျား - ၂၅၀ပေ၊ အောက်ခြေအကျယ် - ၆ပေ၊ Slope အလျား - ၁၀ပေ) လုပ်ငန်း၊ ချောင်းမငယ်ဆည်ရေသောက်(ဆင်အုံကန်အောက်ပိုင်း) ဧက ၄၆၀၀ အား ရေအလေလွင့်မရှိပေးဝေနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေး ပြည့်မီရေး မှာကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)