မကွေး၊ ဖေဖော်ဝါရီ ၁၅
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် နယ်မြေခံတပ်နယ်မှအရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနသို့သွားရောက်၍ မီးသတ်စခန်းနှင့် မီးသတ်ယာဉ်/စက်များအသင့်ဖြစ်မှုနှင့် ကြံ့ခိုင်မှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူများအား မကွေးတိုင်းဒေသကြီးမီးသတ် ဦးစီးမှူးညွှန်ကြားရေးမှူးဦးမျိုးလှိုင်က ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်များ၊ နိုင်ငံတော်အတွင်း ရှိကုန်ထုတ်အရင်းအနှီးများကိုမီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများအဆင့်သင့်ဖြစ်စေရန် ဆောင်ရွက်ခြင်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး၊ မီးသတ်တပ်ဖွဲ့ဝင်များက LUF 60 ဖြင့် ဆီမီးလောင်မူလက်တွေ့သရုပ်ပြငြိမ်းသတ်ခြင်း၊Heavy Liftingand Rescue Vehicle လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ကာ၊ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနရှိ Command and Control Center ခန်းမတွင်မီးဘေးနှင့်အခြားသော သဘာဝဘေးအန္တရာယ်များဖြစ်ပွားပေါ်ပေါက် လာပါကလျင်မြန်စွာ ထိန်းချုပ်ကွပ်ကဲတုံ့ပြန်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ထားရှိသည့်အဆင့်မြင့် နည်းပညာရပ်များ၊ အထောက်အကူပြုနည်းစနစ်များနှင့် လုပ်ငန်းဆောင်ရွက် ချက်များရှင်လင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်ညွှန်မှာကြားသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ (၅) နှစ်တာကာလအတွင်း နှစ်စဉ်မီးလောင်မှုများ လျော့နည်းကျဆင်းခဲ့ပြီး မီးသတ်ဦးစီးဌာနအနေဖြင့်လည်း မီးဘေးလုံခြုံရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးခြင်း၊ သတိပေးနှိုးဆော်ခြင်း၊ စစ်ဆေးခြင်း၊ မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်း များနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊တိုင်းဒေသကြီး အတွင်းရှိခရိုင်၊ မြို့နယ်များအလိုက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့်ပြင် ဆင်မှုများအားဆောင်ရွက်ထားရှိကြောင်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးလျော့နည်းစေရန်ဟိုတယ်၊ မိုတယ်များရှိအခန်းများတွင် အလိုအလျောက်မီးငြှိမ်းသတ်သည့် နည်းစနစ်များ ထည့်သွင်းထားရှိကာ၊အထပ် မြင့်အဆောက်အအုံများတွင် မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ယာဉ်နှင့် လူများအားရှာဖွေကယ်ဆယ်ရေး အသင့်ဖြစ်စေရေး အစီအမံများဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တာ၀န်ရှိသူထံမှသိရှိရသည်။
မောင်ခိုင်မင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment