မိုင်းဖြတ် ၊ ဖေဖေါ်ဝါရီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဖေဖော်ဝါရီ ၁၄ ရက်၊ နံနက် ၁၀ နာရီက ပြည်ငြိမ်းအေးကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ာ့ချရေး တောင်ယာမီး၊ တောမီးများ မရှို့ရေး၊ ပူးပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အထူးလိုက်နာဆောင်ရွက်ရေး ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းထွဋ်လွင်က လယ်ယာထွက်စွန့်ပစ်ပစ္စည်းများကို သဘာဝမြေဩဇာ ပြုလုပ်၍ ရေရှည်တည့်တံသည့် တောင်ယာလှေခါးထစ်စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများတွင် စနစ်တကျ ပြန်လည်အသုံးပြုနိုင်ရေး ရှင်းလင်ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်စိုးဝင်းက မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအီလျံက မြေယာပိုင်ဆိုင်မှုလုပ်ငန်းစဉ်များကိုလည်းကောင်း၊ မြို့နယ်စည်ပင်သာယာ ရေးဌာန အမှုဆောင်အရာရှိ ဦးကျော်နိုင်က စွန့်ပစ်အမှိုက်များကိုမီးမရှို့ဘဲသဘာဝ မြေဩဇာအဖြစ် အသုံးပြုရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန တောအုပ် ဦးဝင်းအောင်က တောမီးလောင်ကျွမ်းမှုအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသူများကို မီးခိုမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(မိုင်းဖြတ်)
https://t.me/MyanmarNationalPost
No comments:
Post a Comment