
နမ့်စန်(တ) ၊ ဖေဖော်ဝါရီ ၁၁
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် မက်မွန်မုန်းကျေးရွာအုပ်စု၊ နမ့်ဆွယ်ကျေးရွာတွင် ကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါလမ်းတွင် ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းမြတ်ဟိန်းစိုးက ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး နမ့်ဆွယ်ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦးနှင့် ခရိုင်အဆင့်ဌာနအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် တာဝန်ရှိသူများက အဆိုပါ ကုန်ထုတ်လမ်းနှင့် တံတားသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများက လုပ်ငန်းလွှဲပြောင်းမှတ်တမ်းလွှာပေးအပ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ကုန်ထုတ်လမ်း (၁)မိုင်နှင့် ကုန်ထုတ်တံတား (၅x၂၂x၅) ပေအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၀၂.၅၄၆ ကျပ်သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကုန်ထုတ်လမ်းနှင့် ကုန်ထုတ်တံတားတည်ဆောက်မှုကြောင့် ကျေးလက်နေပြည်သူများ၏ သွားလာရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စသည်တို့ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)
https://t.me/MyanmarNationalPost
No comments:
Post a Comment