မင်းဘူး(စကု)မြို့နယ်၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် လူနေအိမ်အလုံး ၁၀၀ ကို ပြုပြင်ဆောင်ရွက်ပေးသွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးအတွက် လူနေအိမ်အလုံး ၁၀၀ ကို ပြုပြင်ဆောင်ရွက်ပေးသွားမည်

 



မင်းဘူး  ၊ ဖေဖော်ဝါရီ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ နွေရာသီနှင့် မိုးဦးကျရာသီများ၌ အများဆုံးဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်မှ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျောက်တန်းကျေးရွာနှင့် ရွာသာကျေးရွာအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ လေပြင်းဘေးအန္တရာယ်များကို မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အတူ ခရိုင်၊ မြို့နယ်အဆင့်အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီက ကျောက်တန်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ဒေသခံများနှင့် သွားရောက်တွေ့ဆုံ၍ လူနေအိမ်များ၏ အမိုး၊ အကာများ ပြုပြင်မွမ်းမံဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးမှာကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများထံ အိမ်ဆောက်ပစ္စည်းများ ကြိုတင်ဝယ်ယူနိုင်ရေး ပြင်ဆင်စရိတ်ငွေများ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် ရွာသာကျေးရွာတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ရမည့်လူနေအိမ်များကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ခဲ့ကြသည်။

လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာတွင် လူနေအိမ်အလုံး ၅၀၊ ရွာသာကျေးရွာတွင် လူနေအိမ်အလုံး ၅၀ စုစုပေါင်း လူနေအိမ်အလုံး ၁၀၀ ကို ပြင်ဆင်ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး၊ နေအိမ်များကိုရွေးချယ်ရာတွင် မိမိအင်အားဖြင့် ပြင်ဆင်ရန်မတတ်နိုင်သော နေအိမ်များ၊ ခင်ပွန်းသည် သေဆုံးသွားပြီး အမျိုးသမီးဦးဆောင်နေရသော နေအိမ်များကို အဓိကထား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါပြင်ဆင်ခြင်းလုပ်ငန်းများကို ခရိုင်နှင့်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ၊ ဒေသခံရပ်မိ၊ ရပ်ဖများက ဖေဖော်ဝါရီ ၉ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးကြည့်ရှု၍ ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၇ ရက်အထိ မွမ်းမံ၊ ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အင်ကြင်းစုအောင်က ပြောသည်။

ဇေယျာနိုင်(ရွှေကန်မြေ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)