ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီ



လွိုင်ကော်   ၊ ဖေဖော်ဝါရီ ၂၈

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံနှင့်အစိုးရနည်းပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး ဆောင်ရွက်နေမှုများနှင့် လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်နေမှုူတို့ကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ နှုတ်ဆက်စကားပြောကြားရာ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တီထွင်ကြံဆမှုများနှင့်အတူ သုတေသနလုပ်ငန်းစဉ်များသည်လည်း အရေးကြီးပါကြောင်း၊ Grade-12 ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Grade-12 အောင်မြင်ပြီးပါက သက်ဆိုင်ရာတက္ကသိုလ်များသို့ ဆက်လက်တက်ရောက်သင်ယူနိုင်သည့် အခွင့်အလမ်းများရှိ၍ ကြိုးစားကြရန်အားပေးစကားပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပြဆရာများအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် ကျောင်းဝင်းအတွင်း စာသင်ဆောင်များရှိ သင်ထောက်ကူပစ္စည်းများ ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ကြီး၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (ချိကယ်)၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မြင့်မားရေး စာကျက်ဝိုင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံ၍ ပြည်နယ်ဂုဏ်ဆောင်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး ပညာရှင်များဖြစ်သည်အထိ ရည်မှန်းချက်ထားကြရန်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဖြင့် နိုင်ငံတော်ကိုအကျိုးပြုသည့် နိုင်ငံ့သားကောင်းများဖြစ်လာစေရေးအတွက် ကြိုးစားကြရန် အားပေးစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများနှင့် နည်းပြဆရာများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်တက္ကသိုလ်သို့ရောက်ရှိပြီး လွိုင်ကော်တက္ကသိုလ်၏ (၁၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်နေမှုကို ကြည့်ရှုအားပေးကာ ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပနိုင်ရေးအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)