ကွမ်းခြံကုန်းကျေးရွာတွင် ဆိုလာအားသွင်းကြိုးအပူလွန်ကဲရာမှ ဈေးဆိုင်ခန်းတွင် မီးလောင်မှုဖြစ်ပွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ကွမ်းခြံကုန်းကျေးရွာတွင် ဆိုလာအားသွင်းကြိုးအပူလွန်ကဲရာမှ ဈေးဆိုင်ခန်းတွင် မီးလောင်မှုဖြစ်ပွား



အင်္ဂပူ ၊  ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသ၊ ကွင်းကောက်မြောက်အုပ်စု၊ ကွမ်းခြံကုန်းကျေးရွာလမ်းဆုံရှိ ပိုင်ရှင်ဦးတင်ဇော် ပိုင်ဆိုင်သောဈေးဆိုင်တွင် ယမန်နေ့နေ့လယ် ၁ နာရီ ၂၀ မိနစ် အချိန်ခန့်က ဆိုလာပြားအားသွင်းကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ ကွင်းကောက်နယ်မြေမီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးသက်နိုင်စိုး ဦးစီး‌သော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ကွင်းကောက် အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦး၊ မီးသတ်ရေသယ်ယာဉ် (၁) စီးနှင့် ကျေးရွာပြည်သူများမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီ ၃၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် ပိုင်ရှင်ဦးတင်ဇော်၏ (၁၅×၂၀) ပေ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

မန်းကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)