အမရပူရ ၊ ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၏ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်တွင် ကျရောက်မည့် (၂၆)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်က အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ-၂ ၌ ကျင်းပသည်။
ဦးစွာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် စာကြည့်တိုက်နှင့်သုတပညာဌာန ပါမောက္ခ ဒေါက်တာဥမ္မာဦးက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲတွင် ဘွဲ့ကြိုသင်တန်း၊ ဒီပလိုမာသင်တန်း၊ ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာသင်တန်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးသည် “လူငယ်နှင့် စာပေအနုပညာ၊ လူငယ်နှင့် AI နည်းပညာ၊ လူငယ်နှင့် မြန်မာ့ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် မျိုးချစ်စိတ်” စသည့် ခေါင်းစဉ်တို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက အားပေးကြည့်ရှုကြသည်။
ဆက်လက်ပြီး ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ပထမဆုရ မဇင်ဇင်ထက်(မဟာအရည်အချင်းစစ်သင်တန်း၊ ဥပဒေပညာအထူးပြု)၊ ဒုတိယဆုရ မလင်းလတ်ကျော်(တတိယနှစ်သင်တန်း၊ ဘူမိဗေဒအထူးပြု)နှင့် တတိယဆုရ မသင်းသင်းမိုး(တတိယနှစ်ဂုဏ်ထူးတန်း၊ သမိုင်းအထူးပြု) တို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများအား ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
စိုးသီဟ(အမရ)
https://t.me/MyanmarNationalPost
No comments:
Post a Comment