One Championship က ဘရော်နီကာတို့ တွဲဆိုင်းကို ထုတ်ပြန်ကြေညာလိုက်တဲ့အချိန်မှာ လက်ဝှေ့ပရိတ်သတ်တွေကြား သို့လော သို့လော ပြောစရာတွေ ဖြစ်လာပါတယ်။ ဘရော်နီကာ ဆိုတာတော့ မြန်မာနိုင်ငံသား၊ ကယန်းတိုင်းရင်းသူ ဖိုက်တာ ဖြစ်နေပါတယ်။ မြန်မာပရိတ်သတ်ရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့ ဖိုက်တာ တစ်ဦးပါ။
အစ္စရေးဖိုက်တာ ရှီးယားကိုဟန်ဆိုတာကလည်း မြန်မာပရိတ်သတ်နဲ့ မစိမ်းပါဘူး။ Fairtex ကို မြန်မာဖိုက်တာ မန္တလေးသား ကျော်စွာဝင်း ရောက်ရှိသွားပြီးကတည်းက Y2k, နပ်ခရော့ တို့ ကရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျော်စွာဝင်းနဲ့ အတူတွဲတွေ့နေရတဲ့ ဖိုက်တာမလေး ဖြစ်ပါတယ်။ ကျော်စွာဝင်းရဲ့ လေ့ကျင့်ဖော်ဆိုရင်လည်း မမှားပါဘူး။ သူတို့ နှစ်ယောက်ကို စနောက်နေကြတဲ့ ရုပ်သံတွေလည်း တွေ့ရမှာပါ။ ရှီးယားကိုဟန် ကလည်း Y2k တို့နဲ့ တွဲပြီး မင်္ဂလာပါ ဆိုတဲ့ နှုတ်ဆက်စကားနဲ့ မြန်မာပရိတ်သတ်တွေကို ဖမ်းစားနိုင်သူတစ်ဦး ဖြစ်ပါတယ်။
ဒီပွဲက မြန်မာပရိတ်ရဲ့ ချစ်ခင်မှုကို အပြည့်အဝ ရရှိထားတဲ့ ဖိုက်တာနှစ်ဦးရဲ့ ပြိုင်ပွဲဖြစ်နေတာကြောင့် ဘယ်သူ့ကို အားပေးကြမှာလဲ ဆိုတဲ့ မေးခွန်းထုတ်မှုမျိုးတွေတောင် ရှိလာပါတယ်။ မြန်မာပရိတ်သတ်အနေနဲ့ ကတော့ မည်သို့ပင် ဆိုစေ ဘရော်နီကာဘက်က အပြည့်အဝ အားပေးကြမှာပဲ ဖြစ်ပါတယ်။
နှစ်ဦးစလုံးဟာ အပြန်အလှန်လေးစားမှုရှိတဲ့ ဖိုက်တာတွေ ဖြစ်ပါတယ်။ ပရိတ်သတ်အပေါ်မှာလည်း လေးစားမှုရှိတဲ့ ဖိုက်တာတွေ ဖြစ်နေပြန်ပါတယ်။ သို့သော် ကြိုးဝိုင်းအတွင်းမှာတော့ အဖြေတစ်ခုကို ရဖို့ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲမယ့် ပွဲမှာ မြန်မာဖိုက်တာ ဘရော်နီကာကိုသာ အနိုင်ရလဒ်နဲ့ ချန်ပီယံစိန်ခေါ်ခွင့် ရစေချင်ပါတယ်။
#News #MNP


No comments:
Post a Comment