(၃၅)ကြိမ်မြောက် ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၃၅)ကြိမ်မြောက် ဝေါမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲကျင်းပ



ဝေါ  ၊ ဖေဖော်ဝါရီ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီးဆရာတော်များပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အထိမ်းအမှတ် မုဒ်ဦးဖွင့်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူအလှူရှင်များ စုပေါင်းကာ ယနေ့နံနက် ၉ နာရီက ကြုံတူစေတီတော်မြတ်ကြီးရှေ့တွင် ကျင်းပကြောင်း သိရသည်။ရှေးဦးစွာ (၃၅)ကြိမ်မြောက်၊ ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်မုဒ်ဦးဖွင့်ပွဲအား နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ကာ၊ အောင်ဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီး ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် မုဒ်ဦးကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များက   ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး၊ စေတီတော်မြတ်ကြီးအား လက်ယာရစ်(၁) ပတ်လှည့်လည်ပူဇော်ဖွင့်လှစ်ပေးသည်။ဝေါမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ရှေးဟောင်းသမိုင်းဝင်ဆုတောင်းပြည့် ကြုံတူစေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် သက်ကြီးဝါကြီး ဆရာတော်များ ပူဇော်ပွဲ၊ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြို့နယ်အတွင်းရှိ သက်တော်(၈၀)နှစ်နှင့်အထက်၊ ဝါတော်(၅၅)ဝါနှင့်အထက်ရှိသော သက်တော်ရှည် ဆရာတော်ကြီး(၁၂)ပါးအား ပူဇော်ကန်တော့ပြီး၊ စေတီတော်ရင်ပြင်တွင် ကျောင်းတိုက်ပေါင်း(၁၆၈)တိုက်မှ သံဃာတော်(၁၆၈)ပါးကို ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူများက ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများကို မတ်လ ၂ ရက်နေ့ (တပေါင်းလပြည့်နေ့)တွင် လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)