ကြို့ပင်ကောက် ၊ ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဖူလုံရေးရုံး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆေးကုသခြင်းကို လူမှုဖူလုံရေးအဖွဲ့ ရုံးချုပ်၏အစီအစဉ်ဖြင့် မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဘေးမခဆေးကုမ္မဏီတို့ ပူးပေါင်းပြီး မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ရွေ့လျားဆေးကုသယာဉ်ဖြင့် အခမဲ့ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာန ၁၃၅ ဌာနမှ အာမခံအလုပ်သမား ၁၈၇၈ ဦးရှိကြောင်း၊ လာရောက်ဆေးကုသသော အာမခံအလုပ်သမားများအား ဒေါက်တာသက်တင်ဇော်အောင်ဦးဆောင်သော ဝန်ထမ်းများက ရွေ့လျားဆေးကုသယာဉ်ဖြင့် လိုအပ်သော ဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်နီလာကျော်ထံမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)
https://t.me/MyanmarNationalPost
No comments:
Post a Comment