အုတ်တွင်းမြို့နယ်၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အုတ်တွင်းမြို့နယ်၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ


အုတ်တွင်း  ၊ ဖေဖော်ဝါရီ ၂၇

ပဲခူး​တိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌမှ ကြီးမှူးကျင်းပပြုလုပ်သော အလွတ်တန်းအမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။အဆိုပါ အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ အုတ်တွင်းမြို့နယ် မြို့မအားကစားကွင်းတွင် အမျိုးသမီး‌ဘောလုံးအသင်း (၃) သင်း၊ အမျိုးသားဘောလုံးအသင်း (၇) သင်းတို့ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင်  အလွတ်တန်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ သံဒိုင်ခင်အမျိုးသမီးအသင်းနှင့် ကျောင်းရှစ်ဆယ်အမျိုးသမီးအသင်း၊ အမျိုးသား အသက် (၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ အုတ်တွင်းမြို့မအသင်းနှင့် သံဒိုင်ခင်လူငယ်အသင်းတို့ အသီးသီး ယှဉ်ပြိုင်ကစားကြရာ  အလွတ်တန်းအမျိုးသမီးဘောလုံးပြိုင်ပွဲတွင် သံဒိုင်ခင်အမျိုးသမီးအသင်းမှ ကျောင်းရှစ်ဆယ်အမျိုးသမီးအသင်းအား လေးဂိုး-နှစ်ဂိုးဖြင့်လည်း‌ကောင်း၊ အမျိုးသားအသက် (၁၈) နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် အုတ်တွင်းမြို့မအသင်းမှ သံဒိုင်ခင်လူငယ်အသင်းအား သုံးဂိုး တစ်ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး မြင့်ဇော်၊ အဖွဲ့ဝင်(၂) ဦးတင်ယု၊ အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အုတ်တွင်းမြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များမှ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးအောင်ကျော်ဟန်ထံမှ သိရသည်။

ခင်ခင်မာ

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)