ထန်းတပင် ၊ ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်သောကြောင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ နိုင်ငံပိုင်အဆောက်အဦများ ဆုံးရှုံးမှုမရှိစေရေးနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ယနေ့ နံနက် ၉ နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများသို့ လိုက်လံစစ်ဆေးခဲ့သည်။ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးနှင့် ဝန်းထမ်းများက လိုက်နာရန်အချက်များဖြစ်သည့် မီးချိတ်မီးကပ် သဲပုံး ရေပုံး မီးသတ်ဆေးဗူးများ အသင့်ထားရှိရန် မီးလောင်မှုပေါ်ပေါက်လာပါက အလွယ်တကူမီးငြိမ်းသတ်နိုင်ရန် မီးသတ်ဆေးဗူးအသုံးပြုနည်းများကို ဌာနဆိုင်ရာဝန်ထမ်းများကို ပြသခဲ့ပြီး အဆောက်အဦခြံဝန်းအတွင်း အမှိုက်များရှင်းလင်းထားရန် ဝါယာကြိုးများ ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများကို အသစ်လဲလှယ်အသုံးပြုရန်စသည့် မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးဆိုင်ရာပစ္စည်းများကို မြို့နယ်မီးသတ်ဦးစီးဌာန ညွှန်ကြားချက်နှင့်အညီ တပ်ဆင်ထားရှိရေးတို့ကို အသိပညာပေးခြင်းနှင့် လိုက်လံစစ်ဆေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment