အမရပူရမြို့နယ်၌ သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမရပူရမြို့နယ်၌ သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ




 အမရပူရ   ၊ ဖေဖော်ဝါရီ ၂၆

အမရပူရမြို့နယ်၊ သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက သမဝါယမအသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ဆိုင်ရာ အစည်းအဝေးကို ကျင်းပခဲ့သည်။

ဦးစွာ အမရပူရမြို့နယ် သမဝါယမအသင်းစုသဘာပတိ ဦးသိန်းမြင့်နှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်းတို့က အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သမဝါယမဦးစီးအရာရှိ ဦးမောင်မောင်လေးကလက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အသင်းစု အတွင်းရေးမှူးမှ အမှုဆောင်အဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဖတ်ကြားတင်ပြခဲ့သည်။ ယင်းနောက် အသင်းစုအမှုဆောင်အဖွဲ့ဝင်တစ်ဦးမှ ဘဏ္ဍာရေးရှင်းတမ်းနှင့် အမြတ်ခွဲဝေစာရင်း ဖတ်ကြားပြီး သဘာပတိမှ အတည်ပြုခဲ့ပါသည်။ ၎င်းနောက် အခြေခံသမဝါယမအသင်းများသို့ ပေးအပ်ရမည့် အစုပေါ်အမြတ်ငွေ ၈၆၄၀၀၀ ကျပ်ကို အသင်းဝင်ကိုယ်စားလှယ်တစ်ဦးအား သဘာပတိမှ ပေးအပ်ခဲ့ပြီး အစုပေါ်ချီးမြှင့်ငွေ ၆၀၄၇၅၀၀ ကျပ်ကို အသင်းဝင်ကိုယ်စားလှယ်တစ်ဦးအား ဦးစီးအရာရှိမှ ပေးအပ်ခဲ့ကာ သဘာပတိမှ နိဂုံးချုပ်အမှာစကား ပြောကြားပြီးနောက် အစည်းအဝေးကို  အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။


စိုးသီဟ(အမရ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)