ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ်အဖြစ် ဇာတ်သသဘင်ဖျော်ရေးအပါအဝင် စုပေါင်းဈေးရောင်းပွဲတော် ၁၂ ရက်ကြာကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးမှု အထိမ်းအမှတ်အဖြစ် ဇာတ်သသဘင်ဖျော်ရေးအပါအဝင် စုပေါင်းဈေးရောင်းပွဲတော် ၁၂ ရက်ကြာကျင်းပမည်



ပခုက္ကူ၊ ဖေဖော်ဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီး ကိုယ်တိုင်တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးမှု အထိမ်းအမှတ် အောင်ပွဲနှင့် ဘုရားအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဇာတ်အလှသဘင် ဖျော်ဖြေရေး အစီအစဉ်များ အပါအဝင် စုပေါင်းဈေးရောင်းပွဲတော်ကို ၁၂ ရက်ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

"ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီး ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ စတင်ပြီး ငြမ်းလုပ်ငန်း၊ ပြဒါးခံသစ်ဆေးသုတ်လုပ်ငန်းနှင့် ရွှေဆိုင်းချခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်း စသည်ဖြင့် အပိုင်း(၃)ပိုင်းခွဲ၍ လုပ်ငန်းများ အရည်အသွေး ပြည့်မီကောင်းမွန်စေရေးနှင့် ရာနှုန်းပြည့် ပြီးစီးနိုင်ရေးအတွက် ပခုက္ကူမြို့ရှိ ထေရ်ကြီးဝါကြီးဆရာတော်များ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ဘုရားကြီးဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ပြည်သူများ စုပေါင်း၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (ပထမပတ်) တွင်  ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ အရံစေတီ (၃၆) ဆူတို့ကို ရွှေထီးတော်နှင့် စိန်ဖူးတော်တင်လှူခြင်းကိုလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ဆောင်ရွက်ပြီးစီးခဲ့ကြောင်း အဆိုပါ လုပ်ငန်းများရာနှုန်း ပြည့်ပြီးစီးမှု အထိမ်းအမှတ်အောင်ပွဲနှင့် ဘုရားအနေကဇာတင် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်မှ ဧပြီလ ၇ ရက်အထိ အညာဒေသထွက် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ၊ အဝတ်အထည်ဒီဇိုင်းမျိုးစုံ၊ ကလေးကစားစရာပစ္စည်းမျိုးစုံ၊ တောင်သူလယ်သမားသုံးပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်း အရောင်းဆိုင်များနှင့် မုန့်ဆိုင်တန်းများ ပါဝင်သော ရပ်နီးရပ်ဝေးမှ ဈေးသည်များနှင့် ဒေသခံဈေးသည်များ၏ စုပေါင်းဈေးရောင်းပွဲတော် ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း မန္တလေးမြို့မှအား သစ်မာန်နှင့် ကောင်းစစ်ဟိန်းဇာတ်အလှသဘင် ဖျော်ဖြေရေး အစီအစဉ်များ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရားကြီးဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။


ဘာမီသာ(ပခုက္ကူ)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)