ဖေဖော်ဝါရီ - ၁၅ ( တနင်္ဂနွေနေ့ )
အိန္ဒိယသည် ရုရှားထံမှ S-400 ဒုံးကျည်များ ထပ်မံဝယ်ယူမှုကို ရှင်းလင်းခဲ့ကြောင်း ဟင်ဒူစတန် တိုင်းမ် သတင်းဌာနက သောကြာနေ့တွင် ဖော်ပြခဲ့ပါတယ်။
ရုရှားနိုင်ငံမှ S-400 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်အတွက် ဒုံးကျည် ၂၈၈ စင်း ဝယ်ယူရန်အတွက် ကာကွယ်ရေးဆိုင်ရာကောင်စီမှ လိုအပ်ချက် လက်ခံခြင်း (AoN) ကို ခွင့်ပြုလိုက်ကြောင်း အဆိုပါ အစီရင်ခံစာအရ သိရပါတယ်။
အိန္ဒိယ စစ်တပ်ကို ခေတ်မီရေးနှင့် လုပ်ငန်းလည်ပတ်မှု လိုအပ်ချက်များအတွက် ဒေါ်လာ ၃၉ ဘီလီယံတန်ဖိုးရှိ ဝယ်ယူမှုများအတွက် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထုတ်ပြန်ချက်တွင် S-400 ဒုံးကျည်များအပြင် ဖော်ပြထားခြင်းမရှိသော တိုက်ခိုက်ရေးဒုံးကျည်များ၊ ဘက်စုံသုံး တိုက်လေယာဉ်၊ ရာဖေးလီ နဲ့ ကမ္ဘာပတ်လမ်းအတွင်းရှိ ဂြိုလ်တု အတုများစနစ်များ ပါရှိပါတယ်။
အိန္ဒိယလေတပ် (IAF) သည် ရုရှားနိုင်ငံမှ S-400 စနစ်များကို ပန့်ဆာ တာတိုပစ်စနစ်နှင့် ပေါင်းစည်းရန် ကြိုးပမ်းနေတယ်လို့ သတင်းဌာနက ဖော်ပြပါတယ်။ AoN သည် တာတိုပစ်ဒုံးကျည် ၁၂၀ နှင့် တာဝေးပစ်ဒုံးကျည် ၁၆၈ စင်းအတွက် ဝယ်ယူမှုများကို လျင်မြန်စွာဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါသတင်းစာတွင် ဖော်ပြထားပါတယ်။ S-400 စနစ် လေးခုရှိသည့် အိန္ဒိယသည် ယခုနှစ်တွင် နောက်ထပ် နှစ်လုံး လက်ခံရန် စီစဉ်ထားပါတယ်။
ရုရှားဒုံးကျည်စနစ်က လက်နက်တပ်ဆင်ဒရုန်းတွေနဲ့ ကာမီကာဇေဒရုန်းများကို တိုက်ဖျက်ရာတွင် မရှိမဖြစ် လိုအပ်တယ်လို့ ဆိုပါတယ်။ S- 400 ဒုံးတွေက ပါကစ္စတန် ထိန်းချုပ်နယ်မြေရှိ စစ်သွေးကြွ အဆောက်အအုံများ ကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့ မနှစ်က မေလက အိန္ဒိယရဲ့ ငရဲတံခါး စစ်ဆင်ရေးမှာ အဓိက အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုသည် ဧပြီလအတွင်းက အိန္ဒိယ ပြည်ထောင်စုနယ်မြေ ဂျမူးနှင့် ကက်ရှ်မီးယားတွင် အကြမ်းဖက်တိုက်ခိုက်မှုကို တုံ့ပြန်ခြင်းဖြစ်ပါတယ်။
ပါကစ္စတန်နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မှုတွင် လေကြောင်းရန်ကာကွယ်ရေးစနစ်ရဲ့ စွမ်းဆောင်ရည်ကို အိန္ဒိယ ဝန်ကြီးချုပ် က ချီးကျူးခဲ့ပါတယ်။ “S-400 လို ပလပ်ဖောင်းတွေက နိုင်ငံအတွက် မကြုံစဖူး ခွန်အားများ ပေးစွမ်းခဲ့ပါတယ်” လို့ ဆိုပါတယ်။ ရုရှားသည် အိန္ဒိယနှင့် S-500 စနစ်ကို ပူးတွဲထုတ်လုပ်ရန် ကမ်းလှမ်းထားကြောင်း မီဒီယာများက ဖော်ပြထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost



No comments:
Post a Comment