ခွေးတစ်ကောင်နဲ့ စကားပြောနေရသလိုပဲ လို့ နေတိုး အကြီးအကဲ ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

ခွေးတစ်ကောင်နဲ့ စကားပြောနေရသလိုပဲ လို့ နေတိုး အကြီးအကဲ ပြော


ဖေဖော်ဝါရီ - ၁၅ (တနင်္ဂနွေနေ့ ) 

ယူကရိန်းကို စစ်ရေးအကူအညီ ဆက်လက်ပေးဖို့အတွက် ငြင်းခုံနေစဉ်အတွင်း နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ခ်ရက်တီ က ခွေးတစ်ကောင်နှင့် စကားပြောဆိုနေရသလို ဖြစ်နေတယ် လို့ ပြောလိုက်ပါတယ်။ မနေ့က  မြူးနစ်လုံခြုံရေးညီလာခံတွင် ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီး နဲ့ လုပ်တဲ့ ပူးတွဲအဖွဲ့အစည်းအဝေး အတွင်း ၎င်းက အဲ့ဒိလို မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ 

ရက်တီက ဖေဖော်ဝါရီလအစောပိုင်းတွင် ယူကရိန်းမြို့တော်သို့ လာရောက်လည်ပတ်ခဲ့ပြီး အနောက်နိုင်ငံများက ယူကရိန်းသို့ တပ်များချထားခြင်း အပါအဝင် အနောက်နိုင်ငံများက ၎င်းတို့ရဲ့ထောက်ခံမှုကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။ 

ယူကရိန်း နိုင်ငံတော်အရေးပေါ်ဝန်ဆောင်မှုဌာနမှာ ဂျက်ရက်ဆဲတယ်ရီယာ ခွေးကလေးတစ်ကောင်ရှိပါတယ်။   ရုရှား နဲ့ ဖြစ်နေတဲ့  ပဋိပက္ခ အတွင်းမှာ ပေါက်ကွဲစေတတ်တဲ့ဗုံး အလုံး ၂၀၀ ကျော်ကို အဲ့ဒိခွေးလေးက အနံ့ခံပြီး ရှင်းလင်းပေးခဲ့လို့ သမ္မတ ဇီလန်စကီးက ခွေးလေးကို ပြည်သူ့ဝန်ဆောင်မှုဆု ချီးမြှင့်ခဲ့ပါတယ်။ ဌာနကလည်း အဲ့ခွေးလေးကို လာဘ်ကောင်အဖြစ် ထားထားပါတယ်။ အဲ့ဒိ တယ်ရီယာခွေးတွေက ဘယ်လိုအခြေအနေ မျိုးအောက်မှာ မဆို ရှင်သန်နေထိုင်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။ ခွေးလေးအကြောင်းကို ကာတွန်းဇာတ်လမ်းလုပ်ပြီး USAID ထောက်ပံ့ရေးအစီအစဉ်နဲ့ ယူကျူ့ပေါ်မှာ တင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တက်လာ တော့ USAID ကို ဖျက်သိမ်းလိုက်တော့ အဲ့ဒိအစီအစဉ်တွေ အားလုံးပျက်သွားပါတယ်။ 

 "ကျနော်က အဲ့ဒိခွေလေးရဲ့ဇာတ်လမ်းကိုကြည့်ပြီး“ငါတို့ဘယ်တော့မှ အရှုံး မပေးဘူး” သူ့ကိုပြောပြ လိုက်ပါတယ်လို့ ရက်တီကပြောပါတယ်။  ရက်တီက ယူကရိန်းကို ထောက်ခံမှု ပိုရဖို့ စောဒက တက်ခဲ့သလို၊ ရုရှားကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးစေခဲ့ကြောင်း ၎င်းက ဆက်ပြောခဲ့ပါတယ်။  ကိယက်ဗ်၏ အနောက်အုပ်စု ကျောထောက်နောက်ခံများက ယူကရိန်းတွင် ရုရှားက လုပ်တဲ့ ထိုးစစ်တွေအားလုံးကို ပြန်လည်တိုက်ခိုက်ရန် လိုအပ်တာတွေကို အကုန်လုပ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)