ပညာတတ် သူယုတ်မာများ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပညာတတ် သူယုတ်မာများ


ဧရာဝတီသတင်းဌာန က ပြည်ပြေး ဝရမ်းပြေး အောင်ဇော်ဆိုတဲ့ ကောင်က တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံရေးသမားများကို ပစ်မှတ်ထားပြီး စော်ကားခဲ့ပါတယ်။ ယခုတစ်ပတ်မှာလည်း ပြည်ပြေး ဝရမ်းပြေး အောင်ဇော် က တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပညာရှင်များကို "ပညာတတ် ကြံရာပါများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုးနှက်တိုက်ခိုက်နေတာကို တွေ့ရပါတယ်။

ပြည်ပြေး ဝရမ်းပြေးတွေရဲ့ လုပ်ကြံဖန်တီး ပြောဆိုမှုတွေကို တုဖက်ပြိုင်ပြီး ပြောဆိုနေလို့ အကျိုးမရှိဘူးဆိုတာတော့ သိပါတယ်။ သို့သော် ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်တွေကို ပြည်သူလူထုက နားမလည်ဘဲ ဒီကောင်တွေရဲ့ ပြောစကားတွေကို အဟုတ်ကြီးထင်ပြီး တိုင်းပြုပြည်ပြု ဆောင်ရွက်နေသူတွေကို အထင်အမြင်လွဲမှားတာမျိုး မဖြစ်စေလိုတဲ့အတွက် အကျဉ်းမျှသာ တုန့်ပြန်ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။

ပြည်ပြေး ဝရမ်းပြေး အောင်ဇော် က တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံရေးသမားများကို အောက်လုံးထိုးစဉ်မှာ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့်၊ ဒေါက်တာ သက်သက်ခိုင် အစရှိသော ပုဂ္ဂိုလ်တွေကို အဓိက ပစ်မှတ်ထားပြီး အောက်လုံးထိုးခဲ့ပါတယ်။ ယခုအခါ ပညာတတ်ကြံရာပါများဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ဦးကိုကိုလှိုင်၊ ဒေါက်တာ သီတာဦး၊ ဒေါက်တာယဉ်ယဉ်နွယ်၊ ဆရာ ဆလိုင်းငွန်ကျုံးလျှံတို့ကိုပါ အလွတ်မပေးဘဲ စော်ကားပြောဆိုနေတာကို တွေ့ရပါတယ်။

အထက်ပါ ပုဂ္ဂိုလ်တွေကို ပြည်ပြေး ဝရမ်းပြေးတွေအနေနဲ့က ဘာကြောင့် ပစ်မှတ်ထားပြီး အောက်လုံးထိုးနေသလဲ။ အရှင်းဆုံး ပြောရရင်တော့ ပြည်ဖျက်ပါတီ NLD နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက်ကြောင့် အောက်လုံးထိုးနေကြခြင်း ဖြစ်ပါတယ်။ ပြည်ဖျက်ပါတီ အသွင်ပြောင်း CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ရာမှာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက် အောက်လုံးထိုးနေကြခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံရေးသမားများ၊ ပညာရှင်များက တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ တိုင်းပြည်တစ်ခုရဲ့ အဓိကအင်စတီကျူးရှင်းတစ်ခုဖြစ်တဲ့ တပ်မတော်သည် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုမှာ များစွာ အရေးပါသလို အပြုသဘောဆန်ဆန် ပြည်သူလူထုအကျိုး လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို တိုက်တွန်းပြောဆိုလို့ ရသည့်အတွက် ပူးပေါင်းဆောင်ရွက်ကြခြင်းပဲ ဖြစ်ပါတယ်။

ပြည်ဖျက်ပါတီ NLD ကတော့ အားလုံးကို ရန်သူလို သဘောထားသည့်အပြင် ပြည်ပနိုင်ငံသား အကြံပေးတွေကိုပါ ငှားရမ်းပြီး တိုင်းဖျက် ပြည်ဖျက် လုပ်ရုံမျှမက သာသနာဖျက် လုပ်ရပ်တွေကိုပါ လုပ်ခဲ့ကြတဲ့အတွက် နိုင်ငံရေးသမားကြီးတွေ၊ ပညာရှင်တွေအနေနဲ့က သူ့တို့သမိုင်း အရိုင်းမခံနိုင်လို့ ပြည်ဖျက်ပါတီ NLD ကို လက်မတွဲခဲ့ကြခြင်း ဖြစ်ဟန်တူပါရဲ့။

ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ အောင်ဇော် က တပ်တော်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ပညာရှင်များကို "ပညာတတ် ကြံရာပါများ" လို့ ထိုးနှက်ထားတာကို စာရေးသူအနေနဲ့ အနည်းငယ် တုန့်ပြန်လိုတာကတော့ ပြည်ဖျက်ပါတီ NLD အသွင်ပြောင်း CRPH, NUG အကြမ်းဖက်အဖွဲ့များမှ ပုဂ္ဂိုလ်များ၊ အဆိုပါ အဖွဲ့များကို လော်ဘီလုပ်ပြီး လူငယ်များစွာကို သေတွင်းထဲ တွန်းပို့နေတဲ့ ပြည်ဖျက်မီဒီယာများမှ အောင်ဇော်လို ကောင်များကို "ပညာတတ် သူယုတ်မာများ" လို့ တင်စားရင် မှားပါ့မလားဗျာ။

သူတို့တွေလည်း အထိုက်အလျောက် ပညာတတ်ကြပြီး အကောင်း၊ အဆိုးကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိပညာလောက်တော့ တတ်ထားကြသူတွေလို့ ယူဆတဲ့အတွက် ပညာတတ်လို့ပဲ သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။ အကောင်း၊ အဆိုးကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတဲ့ ပညာတတ်ကြီးတွေက ပြည်ပနိုင်ငံများကို အလျှိုလျှိုထွက်ပြေးပြီး သူတို့ကို ထောက်ခံအားပေးတဲ့ လူငယ်တွေကိုကြတော့ အကြမ်းဖက်သမားများအဖြစ်နဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်ဖို့ အစဉ်အမြဲလှုံ့ဆော်နေကြတယ်။ ဒီထက် ယုတ်မာတဲ့ သူယုတ်မာများ ရှိတယ်ဆိုရင်တောင် CRPH, NUG က ပညာတတ်ကြီးများလောက်တော့ မယုတ်မာဘူးလို့ ထင်ပါတယ်။ သူတို့ကို ထောက်ခံအားပေးတဲ့ လူငယ်တွေကို KNU, KIA လက်အောက်မှာ အကြမ်းဖက်သင်တန်းတက်စေပြီး အဖျက်အမှောင့် လုပ်ငန်းမျိုးစုံကို နည်းမျိုးစုံနဲ့ လုပ်ခဲ့ကြတယ်။ သူတို့ကို ထောက်ခံအားပေးခြင်း မရှိတဲ့ ပြည်သူတွေကို လိုက်လံသတ်ဖြတ်ခိုင်းတယ်။ ပြည်ပြေး ဝရမ်းပြေး NUG, CRPH က ပညာတတ်ကြီးများနဲ့ မီဒီယာသမားလို့ အမည်ခံထားတဲ့ ဒေါ်လာစားမီဒီယာများ ပူးပေါင်းလှုံ့ဆော်မှုကြောင့် နီပိန်း ပဒက် အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၉၀၀၀ ကျော် သေဆုံးရတယ်။ နိုင်ငံအဝှမ်းမှာ လမ်းတံတားတွေ၊ အစိုးရအဆောက်အဦတွေ များစွာ ကို နီပိန်း ပဒက်တွေက KNU, KIA ရဲ့ ကြိုးကိုင် ခိုင်းစေမှုနဲ့ ဖျက်ဆီးခဲ့ကြတယ်။ 

နီပိန်း ပဒက်တွေ အဲဒီလို မိုက်လုံးထွားလာဖို့ မဟုတ်မမှန် လုပ်ကြံဖန်တီး ဝါဒဖြန့် မှိုင်းတိုက်ပြီး ငွေနဲ့မျှားကာ ခိုင်းစေနေသူများကတော့ ပညာတတ်သူယုတ်မာ NUG, CRPH အဖွဲ့ဝင်များနဲ့ ပြည်ဖျက်မီဒီယာများမှ အောင်ဇော်တို့လို တစ်ပို့တည်းသမားတွေရဲ့ စနက်တွေပဲ မဟုတ်ပါလားဗျာ။

သူတို့ကိုယ်တိုင် (မိသားစုများအပါအဝင်) ကျည်လွတ်မြေကို အရောက်ပြေးကြတယ်။ မြန်မာပြည်ကိုတော့ စစ်တလင်းဖြစ်အောင် ဖန်တီးတယ်။ သူတို့ရဲ့ ယုတ်မာရိုင်းစိုင်းမှုတွေကိုကြတော့ လိမ်ညာဖုံးကွယ်ထားပြီး တိုင်းပြု ပြည်ပြုလုပ်နေတဲ့ တပ်မတော်၊ နိုင်ငံရေးသမားများ၊ ပညာရှင်များကို အားမနာပ ထိုးနှက်တိုက်ခိုက်နေတဲ့ ခွေးဝဲစား အောင်ဇော်လို သူယုတ်မာများရဲ့ သရုပ်မှန်ကို ပြည်သူများ သိရှိနားလည်စေလိုခြင်းငှာ အကျဉ်းမျှပါပဲ။

ကျွန်တော်တို့ ပြည်သူများက နိုင်ငံရေးမှာ ပုဂ္ဂိုလ်ကို အလေးထားရမှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းကို အလေးထားရမှာ မဟုတ်ပါဘူး။ အဲဒီ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်ကြောင့် တိုင်းပြည် ဘယ်လောက်တိုးတက်သလဲ၊ ပြည်သူများရဲ့ လူနေမှုဘဝအဆင့်အတန်း ဘယ်လောက်အထိ တိုးတက်လာသလဲဆိုတာကိုပဲ ကြည့်ရမှာ ဖြစ်ပါတယ်။ ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာတွေကတော့ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း လုပ်နေတာလည်း မရှိဘူး။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုစီးပွားဘဝများ အတိဒုက္ခရောက်အောင် အကြမ်းဖက်လုပ်ရပ်တွေ အစဉ်သဖြင့် ဖြစ်ပေါ်နေအောင် လှုံ့ဆော်နေတာကို ကြည့်ခြင်းအားဖြင့် "ပညာတတ် သူယုတ်မာများ" သည် ပြည်သူလူထု အတိဒုက္ခရောက်အောင် အစွမ်းကုန် လုပ်နေကြတာကို သိမြင်နားလည်နိုင်ပါတယ်။


နောင်တော်လေး (ဘိုကလေး)

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)