ဖေဖော်ဝါရီ - ၂၀ ( သောကြာနေ့)
အီရန်နျူကလီးယား သဘောတူစာချုပ်ကို ချုပ်ဆိုရန် ဆွေးနွေးညှိနှိုင်းမှုတွေကို ၁၀ ရက်အတွင်း ပြီးပြတ်အောင် လုပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ညွှန်ကြားလိုက်ပြီး အီရန်ဘက်က လိုက်နာရန် ပျက်ကွက်ပါက ပြတ်ပြတ်သားသား အစီအမံများ ဖြစ်ပေါ်လာနိုင်မယ်လို့လည်း ပြောလိုက်ပါတယ်။ လောလောဆယ်မှာ ကတော့ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်က ၎င်းရဲ့စစ်အင်အားကို တိုးမြှင့်နေပါတယ်။
မနေ့ကလုပ်တဲ့ ဂါဇာကမ်းမြောင် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့၏ အဖွင့်အစည်းအဝေးမှာ ထရမ့်က စေ့စပ်ညှိနှိုင်းမှုလုပ်တယ်ဆိုတာကောင်းတယ်ဆိုပေမဲ့ ခက်ခက်ခဲခဲတွေ ဖြစ်နေပါတယ်။ အီရန်အနေနဲ့ကတော့ နျူ့လက်နက်ပိုင်ဆိုင်ဖို့က မဖြစ်နိုင်ဘူး လို့ ပြောပါတယ်။
“ကျနော်တို့ အဓိပ္ပါယ်ရှိတဲ့ သဘောတူညီချက်တစ်ခု လုပ်ရမယ်။ မဟုတ်ရင် ဆိုးတာတွေ ဖြစ်လာမှာပါ ။ ကျနော်တို့ သဘောတူညီချက်တစ်ခု မလုပ်နိုင်တော့ဘူးဆိုရင် နောက်ဆယ်ရက်လွန်သွားရင် ဘာလဲဆိုတာကို သိရမှာပါ” လို့ ပြောပါတယ်။
အင်္ဂါနေ့က လုပ်တဲ့ ဂျီနီဗာဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်စလုံးက အပြုသဘောဆောင်တယ်လို့ ဆိုပေမဲ့ ဘာရလဒ်မှ မရခဲ့ပါဘူး။ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဂရက်ချီ ကတော့ နျူကလီယား စက်ရုံတွေကနေ စွမ်းအင်ထုတ်ပြီး အရပ်ဖက် သုံးနေတာက တိုင်းပြည်ရဲ့ “မွေးရာပါ၊ ညှိနှိုင်း၍မရသော၊ တရားဝင်စည်းနှောင်မှု” အခွင့်အရေး ဆိုပြီး ထပ်ပြောခဲ့ပါတယ်။
ထရမ့်ကတော့ အီရန် အစိုးရကို ပြောင်းလဲပစ်ဖို့အတွက် အီရန်ခေါင်းဆောင်တွေကို လုပ်ကြံရန် ဖြစ်နိုင်ခြေကို ချိန်ဆနေ ပါတယ်။ အဲ့ဒါမှ မဟုတ်ရင် နျူကလီးယားစက်ရုံတွေ နဲ့ ဒုံးကျည်ထုတ်လုပ်ပြီး ဖြန့်ကျက် ထားတဲ့ နေရာတွေအပေါ်ကို တိုက်ခိုက်ရန် အာရုံစိုက်ထားကြောင်း သိရပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment