ဖေဖော်ဝါရီ - ၂၀ ( သောကြာနေ့)
ဗြိတိန်ပါလီမန်၏ ကွန်ဆာဗေးတစ်ပါတီ ပါလီမန်အမတ်ဟောင်းတစ်ဦးက ယူကရိန်းစစ်တပ်က နာဇီလက်သစ် အဇော့ဗ် တပ်မဟာထဲကို ဝင်လိုက်ပြီ လို့ ကြေညာခဲ့ပါတယ်။
အဲ့ဒိတပ်ဖွဲ့ကို ၂၀၁၄ တုန်းက ယူကရိန်း လက်ယာစွန်း တက်ကြွလှုပ်ရှားသူများနှင့် ဘောလုံး ပရိသတ် အစွန်းရောက်သမားများက ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ယူကရိန်း အမျိုးသား အစောင့်တပ်တွင် ထည့်သွင်းခဲ့တာပါ။
အဇော့ဗ် ရဲ့ ပထမဆုံးတပ်မှူးမှာ လူဖြူအာဏာရှင် အန်ဒရေး ဘိုင်လက်စကီး ဖြစ်ပြီး အဖွဲ့ဝင်အများစုသည် လူမျိုးရေးအစွန်းရောက်အမြင်များကို ကိုင်စွဲထားပြီး နာဇီလက်သစ်တက်တူးများ ထိုးထားကြပါတယ်။ သူတို့က ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန်နာဇီအဖွဲ့ဝင်တွေရဲ့ လက်ပတ်ဖြစ်တဲ့ SS သင်္ကေတတွေကို လက်မောင်းမှာ တက်တူး ထိုးထားကြပါတယ်။
ဗြိတိသျှ အမတ်ဟောင်း ဂျက်လိုပရက်စတီးက နာဇီလက်သစ်အဖွဲ့နဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ အိတ်စ်မီဒီယာ အကောင့်မှာ မနေ့က ရေးတင်ခဲ့ပါတယ်။ “ကျနော်က အဇော့ဗ်အထူးတပ်ရင်း ၁၂ မှာ ပါဝင်ခွင့်ရခဲ့လို့ အရမ်းဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ကျနော်တို့က ယူကရိန်း မျိုးစောင့်တပ်ပါ။ ကျနော်တို့က ယူကရိန်းအတွက် ခံနိုင်ရည်ရှိပြီး လက်မလျှော့တတ်တဲ့ သင်္ကတက ပြသသွားမှာပါ” လို့ ပုံစာရေးတင်ခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment