မြောက်ကိုရီးယားမှာ စစ်ရေးလှုတ်ရှားမှုကြီး တစ်ခုတွေ့ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ကိုရီးယားမှာ စစ်ရေးလှုတ်ရှားမှုကြီး တစ်ခုတွေ့ရ




ဖေဖော်ဝါရီ - ၂၀ ( သောကြာနေ့ ) 

မြောက်ကိုရီးယားသည် အဓိကပါတီကွန်ဂရက်တစ်ခု အထိမ်းအမှတ်အဖြစ် လူပေါင်း ၁၂,၀၀၀ ခန့်ပါဝင်သည့် ကြီးမားသော စစ်ရေးပြချီတက်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ကြောင်း တောင်ကိုရီးယား အတိုက်အခံ လွှတ်တော်အမတ်တစ်ဦးက ဂြိုဟ်တုဓာတ်ပုံများကို ကိုးကားပြီး ဒီကနေ့ ပြောကြားခဲ့ပါတယ်။ 

ဖေဖော်ဝါရီ ၉ ရက်မှ ၁၇ ရက်အထိ တောင်ကိုရီးယားကာကွယ်ရေးလုံခြုံရေးဖိုရမ်မှ ခွဲခြမ်းစိတ်ဖြာပြီး Vantor Inc. မှ ပြုစုထားသော ဂြိုလ်တုဓာတ်ပုံသည် ပြုံယမ်းရှိ မီရင် လေတပ်စခန်းတွင် လူပေါင်း ၁၂၀၀၀ ခန့် စုဝေးနေကြောင်း အဓိက အတိုက်အခံ ပြည်သူ့အင်အားပါတီ မှ ကိုယ်စားလှယ် ယူယောင်ဝမ် Yu Yong-weon ရဲ့ ပြောကြားချက်အရ သိရပါတယ်။ 

ဂြိုလ်တု ဓာတ်ပုံမှာ မြောက်ကိုရီးယား၏ စစ်ရေးပြအခမ်းအနားများအတွင်း ပြသလေ့ရှိသည့် ကြီးမားသော လက်နက်စနစ်များ၏ လှုပ်ရှားမှုများကို ပုံရိပ်များတွင် မပြသသေးဘဲ ကာကွယ်ရေးဌာနက ကျည်ကာလက်နက်များနှင့် ဒုံးပစ်လောင်ချာများကို နေရာသို့ အဆင့်ဆင့် သယ်ဆောင်လာစေရန် မြောက်ကိုရီးယားက စတင်လုပ်ဆောင်နေကြောင်း ပြသထားပါတယ်။ 

ပြုံးယမ် မြို့တော်ရှိ ကင်အီဆွန်း ရင်ပြင်တွင် ကတ်အပိုင်းများ ပါဝင်သည့် ကြီးမားသော အစုလိုက်အပြုံလိုက် လှုတ်ရှားမှုများအတွက် ပြင်ဆင်မှုများကိုလည်း ပြသထားပါတယ်။ 


REF: UPI

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)