မန္တလေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပီတန်းပြိုင်ပွဲ ဆုချီးမြှင့် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပီတန်းပြိုင်ပွဲ ဆုချီးမြှင့်




‎မဟာအောင်မြေ  ၊ ဖေဖော်ဝါရီ ၂၀

မန္တလေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပီတန်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပီတန်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲကို အမျိုးသား အမျိုးသမီး စုစုပေါင်း  ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။

‎၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပီတန်းပြိုင်ပွဲတွင် ဆုရရှိသူများအား မန္တလေးတက္ကသိုလ်မှ  ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက ဆုများကိုအသီးသီးချီးမြှင့်ခဲ့ပြီး မန္တလေးတက္ကသိုလ်မှ ပီတန်းအားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အား‌ပေးခဲ့ကြသည်။

‎အောင်ဇော်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)