အရည်အသွေးပြည့်မီမှန်ကန်သည့် ရေနံထွက်ပစ္စည်းများအား အများပြည်သူအသုံးပြုနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

အရည်အသွေးပြည့်မီမှန်ကန်သည့် ရေနံထွက်ပစ္စည်းများအား အများပြည်သူအသုံးပြုနိုင်ရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိ


နေပြည်တော်၊ ဖေဖော်ဝါရီ   ၄

စွမ်းအင်ဝန်ကြီးဌာနသည်   ပြည်ပမှစက်သုံးဆီတင်သွင်းနေရမှုများကို လျှော့ချနိုင်ရန်နှင့် ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ် သုံးစွဲနိုင်ရန်အတွက်  ရေနံချက်စက်ရုံစီမံကိန်းများကို အပိုင်းလိုက် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်။ 

ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စက်သုံးဆီများကို ပြည်ပမှ ဝယ်ယူတင်သွင်းနေရလျက်ရှိရာ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီရေး၊ ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊  ရေနံထွက်ပစ္စည်းဖြည့်ဆည်းမှုကွင်းဆက် (Supply Chain) အဆင်ပြေချောမွေ့မှုရှိစေရေးတို့အတွက်  စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ကြပ်မတ်ဆောင်ရွက် လျက်ရှိသည်။ 

ဇန်နဝါရီလ ၂၆ ရက်တွင် သီလဝါဆိပ်ကမ်းရှိ Apex Terminal သို့ Tanker ဖြင့် ရောက်ရှိ လာသည့် ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) အား နမူနာရယူ၍ ဓာတ်ခွဲခန်းတွင် အရည်အသွေး စမ်းသပ်စစ်ဆေးခဲ့ရာ စမ်းသပ်မှုရလဒ်အရ အဆိုပါ တင်ဆောင်လာသည့် ရိုးရိုးဒီဇယ်ဆီ(HSD 500 PPM) သည် စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် သုံးစွဲသူပြည်သူများ နစ်နာမှု မရှိစေရေး ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သည်။

စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူများ အသုံးပြုလျက်ရှိသည့် စက်သုံးဆီများ၏ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီ မှန်ကန်မှုရှိစေရေးအတွက် စိစစ်ထိန်းကျောင်းကြပ်မတ်ခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ပမှတင်သွင်းခြင်းနှင့် ပြည်တွင်းတွင်ထုတ်လုပ်၍ ဈေးကွက်အတွင်း  ဖြန့်ဖြူးရောင်းချလျက်ရှိသော စက်ဆီချောဆီများ၏ အရည်အသွေးကိုက်ညီ မှန်ကန်မှုရှိစေရေးတို့ကိုလည်း ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)