ဖေဖော်ဝါရီ - ၈ ( တနင်္ဂနွေနေ့ )
ပါကစ္စတန်နိုင်ငံရှိ ဗလီတစ်ခုတွင် သောကြာနေ့ဝတ်ပြုဆုတောင်းမှုအတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၃၁ ဦး သေဆုံးပြီး ၁၆၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အစ္စလာမ်မာဘတ်မြို့ တာလိုင်အပိုင်းရှိ ရှီယာအီမာမ်ဘာဂါ တွင် အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးကို ဖောက်ခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အီမာမ်ဘာဂါသည် တစ်ခါတစ်ရံ ဆုတောင်းပွဲအတွက် အသုံးပြုသည့် အသင်းတော်ခန်းမတစ်ခုဖြစ်ပါတယ်။
ဗုံးမပေါက်ကွဲခင် သေနတ်သံတွေ ကြားခဲ့ရတယ်လို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။ လက်ရှိမှာ အရေးပေါ်အခြေအနေကြေညာထားပြီး သွေးလှူဒါန်းမှုအတွက် အသနားခံစာ ပေးပို့ထားကြောင်း BBC သတင်းတွင် ဖော်ပြထားပါတယ်။ အိမ်နီးချင်း ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် မာယမ်နဝါ့ဇ် က ပြည်နယ်အစိုးရ အနေနဲ့ အစ္စလာမာဘတ်သို့ လူနာတင်ယာဉ် ၂၅ စီး ပေးပို့ခဲ့ကြောင်း Down သတင်းဌာနမှ ဖော်ပြထားပါတယ်။
"သွေးဘဏ်များတွင် ဝန်ထမ်းအင်အား အပြည့်ထားရှိထားပါတယ်။ ဒဏ်ရာရသူများအတွက် ချက်ခြင်း ထိရောက် သော ဆေးကုသမှုများ ဆောင်ရွက်ပေးနိုင်ရန် ခွဲစိတ်ခန်းများ အပြည့်အစုံ တပ်ဆင်ထားပါတယ် " ခွဲစိတ်ကုသရေး အဖွဲ့များ၊ မေ့ဆေးပေးသူများ၊ အရိုးနှင့် အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်များ အသင့်အနေအထားရှိနေကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ခါဝါဂျာဆာဆစ် က အိန္ဒိယနှင့် အာဖဂန်နစ္စတန်ကို လူမှုမီဒီယာတွင် အပြစ်တင်ခဲ့ပြီး "အာဖဂန်နစ္စတန်သို့ သွားရောက်ခဲ့တဲ့ အကြမ်းဖက်သမားဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ အိန္ဒိယနှင့် အာဖဂန်နစ္စတန်တို့အကြား ပူးပေါင်းဆောင်ရွက်မှုလိုအပ်နေပါတယ်” လို့ ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ လုံခြုံရေးအစောင့်တွေကို တိုက်ခိုက်သူက စိန်ခေါ်ခဲ့ပြီး စတင်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“အဲ့ဒိနောက်မှာ သူက ဝတ်ပြုနေသူတွေထဲကို ပြေးဝင်သွားပြီး ဖောက်ခွဲပစ်လိုက်တာပါ” လို့ ဆိုပါတယ်။ ပြည်ထဲရေးဝန်ကြီး က တိုက်ခိုက်သူသည် အာဖဂန်နစ္စတန်သား မဟုတ်သော်လည်း မှုခင်းဆေးစစ်ချက်များအရ သူသည် အာဖဂန်နစ္စတန်သို့ အကြိမ်များစွာ သွားရောက်ခဲ့ကြောင်း သိရှိထားတယ်လို့ Down သတင်းဌာနက ဖော်ပြထားပါတယ်။
REF: UPI
#MNP #News



No comments:
Post a Comment