ဒုသမ္မတကို သတ်မယ်လို့ခြိမ်းခြောက်တဲ့သူကို တရားစွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုသမ္မတကို သတ်မယ်လို့ခြိမ်းခြောက်တဲ့သူကို တရားစွဲ


ဖေဖော်ဝါရီ - ၈ ( တနင်္ဂနွေနေ့ ) 

အိုဟိုင်းယိုးပြည်နယ်မှ အမျိုးသားတစ်ဦးအား အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်အား သတ်ပစ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက်ကြောင့် တရားစွဲဆိုထားကြောင်း တရားရေးဌာန (DOJ) က သောကြာနေ့တွင် ကြေညာခဲ့ပါတယ်။ 

တိုလီဒိုမြို့မှ ရှန်နွန်မက်သရေး လို့ အမည်ရသူ သံသယရှိသူအား အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်များက ဒုသမ္မတ ဂျေဒီဗန့်စ် အား အသက်အန္တရာယ်ပြုရန် ခြိမ်းခြောက်မှုနှင့် ကိုယ်ခန္ဓာထိခိုက်နစ်နာစေမှု တို့ကြောင့် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း DOJ မှ ပြောကြားခဲ့ပါတယ်။ 

မက်သရေး သည် ဂျေဒီဗန့်စ် ရဲ့ ဇာတိမြေဖြစ်တဲ့ အိုဟိုင်းယိုးပြည်နယ်သို့ လာရောက်ရန် စီစဉ်ထားသော ခရီးစဉ်မတိုင်မီ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပါတယ်။ တရားရုံး စွဲချက်အရ ၎င်းက ဗန့်စ် ရဲ့ တည်နေရာကို ခြေရာခံပြီး M14 ရိုင်ဖယ်ကိုအသုံးပြု၍ သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ် လို့သိရပါတယ်။ 

လက်ထောက်ရှေ့နေချုပ် က အဆိုပါဖမ်းဆီးမှုနဲ့အတူ မက်သရေးမှာ  ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုသည့် ပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်ထားကြောင်း ရှာဖွေတွေ့ရှိ ခဲ့တယ်လို့ ဆိုပါတယ်။ 

ပြစ်မှုထင်ရှားပါက မက်သရေး သည် ခြိမ်းခြောက်မှုဖြင့် ထောင်ဒဏ်ငါးနှစ်အထိ ကျခံရနိုင်ပါတယ်။ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု စွဲချက်က ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်ပါတယ်။ "ကျွန်ုပ်တို့ရဲ့ ရှေ့နေများက ဒုသမ္မတ ဗန့်စ် အား ဤရွံရှာဖွယ်ခြိမ်းခြောက်မှုအတွက် အပြင်းအထန်တရားစွဲဆိုနေကြပါတယ်” လို့ ရှေ့နေချုပ် ပမ်ဘွန်ဒီက ပြောကြားခဲ့ပါတယ်။ 

မကြာသေးမီနှစ်များအတွင်း အမေရိကန်ပြည်ထောင်စုသည် နိုင်ငံရေးအကြမ်းဖက်မှုများနှင့် ရန်လိုသောစကားများ တိုးမြင့်လာသည်ကို တွေ့မြင်ရပြီး တင်းမာမှုများအတွက် ရီပတ်ဘလီကန်ပါတီဝင်များနှင့် ဒီမိုကရက်ပါတီဝင်များ ကြားမှာ အချင်းချင်း အပြစ်တင်နေကြပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)