ကြံခင်း၊ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက်၊ မြို့နယ်အားကစား နှင့်ကာယပညာဦးစီးဌာနရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ယနေ့ နံနက်ပိုင်းက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း အမှတ်ပေး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားနှင့် ဆုပေးပွဲအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ/မြို့ဖများ နှင့် ဖူဆယ်ဘောလုံးအသင်းများ၊ ဘောလုံးချစ်ပရိတ်သတ်များ တက်ရောက်ကြသည်။
ဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူကြပြီး၊ စစ်ကြောင်းမှူးမှ ဦးဆောင်ကာ ပြိုင်ပွဲဝင်ကစားသမားများက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအား အလေးပြုခြင်း၊ တန်းအပ်ခြင်းပြုလုပ်ပြီးနောက် ကစားသစ္စာအဓိဋ္ဌာန်(၄)ချက်အားရွတ်ဆိုကြသည်။ ထို့နောက် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်က ကျွန်တော်တို့နိုင်ငံတော်အတွက် အလွန် အရေးကြီး၍ သမိုင်းဝင်သည့် နေ့တစ်နေ့ဖြစ်သော (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများကို ကျင်းပပေးခြင်းသည် ပြည်ထောင်စုနေ့ ရဲ့ အနှစ်သာရ “စည်းလုံးညီညွတ်ခြင်း”ကိုပြသတဲ့ပွဲဆိုရင် မမှားပါကြောင်း၊ အားကစားဆိုတာ စည်းလုံးမှု၊ သည်းခံမှုနှင့် အသင်းအဖွဲ့ စိတ်ဓာတ်ကိုအရင်း ခံရတာဖြစ်တဲ့အတွက် လူငယ် လူရွယ်တွေအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေဖို့ ရည်ရွယ်ခြင်းဖြစ်တဲ့အပြင် ကျန်းမာမှ အလုပ်လုပ်နိုင်မယ်၊ ကျန်းမာမှ ပညာသင်နိုင်မယ် ဆိုတဲ့အတိုင်းမိမိတို့ရဲ့ ကျန်းမာကြံ့ခိုင်မှုကို အားကစားကတစ်ဆင့် မြှင့်တင်ကြဖို့နှင့် မိမိတို့ရဲ့ အရည်အချင်းကို အကောင်းဆုံးထုတ်ဖော်ပြသပြီး မြို့နယ်ဂုဏ်ဆောင်၊ ပြည်နယ်/တိုင်း ဂုဏ်ဆောင် အဆင့်ကနေ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားတွေ ဖြစ်လာအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာကြပြီး၊ ကျောင်းသူလေးများက Fitness Dance ၊ ပန်းဖွားအကများဖြင့် ကပြဖျော်ဖြေကြ ပြီးနောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကြက်တောင်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အသင်းများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အဖွဲ့ဝင် ဗိုလ်မှူးသောင်းထွဋ်လွင်၊ အတွင်းရေးမှူး ရဲမှူးကြည်စိုးနှင့်အဖွဲ့ဝင်များက အသီးသီးဆုများပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် အမျိုးသားအလွတ်တန်း အမှတ်ပေး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပခဲ့ရာ မြေစာရင်းအသင်းနှင့် High Boss အသင်းတို့က အကြိတ်အနယ်ယှဉ်ပြိုင်ကြသည်။ အဆိုပါ ဖူဆယ် ဘောလုံးပြိုင်ပွဲတွင် အသင်း ၁၂ သင်းဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေများတွင် နေ့လယ် ၁နာရီမှ ညနေ ၃ နာရီ အထိ ကျင်းပပေးသွာမည်ဖြစ်ကြောင်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီအဖွဲ့ ထံမှ သိရ သည်။
ဖြိုးဝေလင်း
#MNP #News







No comments:
Post a Comment