ဒီရက်ပိုင်းအတွင်း ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပြည်ဖျက်မီဒီယာတွေမှာ လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တွေကို အသားပေး ရေးသားဖော်ပြမှုတွေ လုပ်နေကြတာကို သတိပြုကြမယ်ထင်ပါတယ်။ ပြည်ဖျက်ပါတီ NLD ထဲမှာက နီပိန်းတဖြစ်လဲ ကွန်မြူနစ်ဆဲလ်တွေ အများကြီး ရှိပါတယ်။ ဒီလူတွေရဲ့ အတတ်ပညာက လူထုကို ဂျင်းထည့်ရာမှာ အများပြည်သူ ရိုသေတန်ကောင်းရဲ့ ဆိုတဲ့ ပုဂ္ဂိုလ်တွေကို အသုံးချပြီး တပ်မတော်နဲ့ ပြည်သူကို သွေးခွဲတဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်။
ဒေါ်စုနိုင်ငံရေးစင်မြင့်ပေါ် ရောက်လာအောင် ဆောင်ရွက်ပေးခဲ့ကြတာလည်း ကွန်မြူတွေပါပဲ။ ဗိုလ်ချုပ်သမီး ဆိုတာနဲ့တင် ပြည်သူများကို အထူးတလည် ဂျင်းထည့်နေစရာ မလိုတော့ဘူး။ ဒေါ်စုကို ဗန်းပြပြီး နိုင်ငံရေးလုပ်စားခဲ့တဲ့ ကာလတစ်ခုကတော့ အင်မတန် အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အခုတော့ ဒေါ်စု ကို ဗန်းပြပြီး လုပ်စားဖို့က ဖို့က အချိန်သိပ်မကျန်တော့ဘူးလို့ ယူဆကြဟန်တူပါရဲ့။ အခုတော့ အကြမ်းဖက်ခေါင်းဆောင် ဂွမ်မော်၊ စောကွယ်ထူးဝင်း အစရှိသော ပြည်ဖျက်မိစ္ဆာတွေကို ရုပ်လုံးကြွအောင် ရေးသားဖော်ပြနေကြတာကို တွေ့ရတယ်။ အမေစု ထမိန်နားခိုပြီး လုပ်စားလို့ မရတော့တဲ့အတွက် ပထွေးတွေကို လော်ဘီလုပ်ပြီး နိုင်ငံရေးစင်မြင့်ပေါ် ထိုးတင်ဖို့ ပြင်ဆင်လာတာလို့လည်း မှတ်ယူနိုင်ပါတယ်။
ဒီနေရာမှာ စောကွယ်ထူးဝင်း အကြောင်း ရေးသားဖော်ပြချက်တစ်ခု "စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန် တိုင်းရင်းသားအားလုံး လက်တွဲကာ အာဏာရှင်စနစ်၏ ဒေါက်တိုင်အားလုံးကို ဖြိုချဖျက်ဆီးရမည်ဟု KNU ဥက္ကဋ္ဌ ပြော" ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြချက်တစ်ခု တွေ့ရပါတယ်။
စစ်အာဏာရှင်ဆိုတာတော့ တပ်မတော်ခေါင်းဆောင်များကို ရည်ညွှန်းသည်ပေါ့။ ဒေါက်တိုင်များဆိုတာ လုပ်ငန်းရှင်တွေကို ရည်ညွှန်းတာလည်း ဖြစ်နိုင်သလို တပ်မတော်ကို ထောက်ခံအားပေးတဲ့ ပြည်သူများကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့များ အခုမှထပြီး ခြောက်လုံး ဟောက်လုံးတွေ ပြောနေတာလဲ။ ဒီခေါင်းစဉ်ကို ကြည့်ရင်ပဲ KNU အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင် စောကွယ်ထူးဝင်း ရဲ့ စကားက အာဏာရှင်နေတာကို တွေ့ရတယ်။ သူတို့တွေက အာဏာရှင်ပါလို့ ကင်ပွန်းတပ်နေတဲ့ တပ်မတော် အကြီးအကဲတွေမှာဖြင့် တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်နေတဲ့ အဖွဲ့တွေကိုတောင် ငြိမ်းချမ်းရေးစားပွဲဝိုင်းကို ရောက်လာဖို့၊ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ တဖွဖွ ပြောနေလေရဲ့။
စောကွယ်ထူးဝင်းရဲ့ ပြောဆိုချက်ကို ခေါင်းတည်ပြီး ရေးသားဖော်ပြထားရာမှာ "ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ကျရောက်သော ၇၈ ကြိမ်မြောက် ကရင်အမျိုးသားနေ့မှာ "လူမျိုးကြီးဝါဒ ဆွဲကိုင်ထားသည့် စစ်အုပ်စုသည် ဤနိုင်ငံကို လူမျိုးကြီးဝါဒ နှင့် စစ်အာဏာရှင်စနစ်ဖြင့် ရာသက်ပန်အုပ် ချုပ်နိုင်ရန်အတွက် ၎င်းတို့ စီစဉ်ထားသည့်အတိုင်း ပြည်လုံးကျွတ်ရွေးကောက်ပွဲကို ကျင်းပကာ မသမာ သောနည်းလမ်းဖြင့် အနိုင်ယူခဲ့ပြီး ကရင်လူမျိုးများ အပါအဝင် တိုင်းရင်းသားအားလုံး ရေရှည်တည်တံ့ရေး၊ ဖွံ့ ဖြိုးတိုးတက်နိုင်ရန်နှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရန်အတွက် တိုင်းရင်းသားလူမျိုးများအားလုံးအတူတကွ လက်တွဲကာ အာဏာရှင်စနစ်၏ ဒေါက်တိုင်အားလုံးကို ဖြိုချဖျက်စီးရမည်" ဟု KNU အကြမ်းဖက်အဖွဲ့ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုပါသတဲ့။
အထက်ပါ ပြောဆိုချက်ကို ကြည့်ရင်ပဲ ပဒိုစောကွယ်ထူးဝင်း ဆိုတဲ့ပုဂ္ဂိုလ်သည် ရွေးကောက်ပွဲမတိုင်မီက ရွေးကောက်ပွဲကို အဖျက်အမှောင့်တွေ လုပ်ဖို့ လှုံ့ဆော်ခဲ့တယ်။ သို့သော်လည်း သူ့ရည်ရွယ်ချက် မအောင်မြင်ခဲ့ဘူး။ တိုင်းရင်းသားလူမျိုးအားလုံးအတူတကွ လက်တွဲကာလို့လည်း ဆိုရဲ့။ လူမျိုးကြီးဝါဒိုတဲ့ ဝေါဟာရကို သုံးနှုန်းပြီး ပြောဆိုနေတာ ကရင်၊ ဗမာ သွေးခွဲနေတဲ့ စကားမဟုတ်ဘူးလား။
ဒါကြောင့် အများပြည်သူကို သိစေလိုတာက ဒီလူတွေသည် တိုင်းရင်းသားပြည်သူများကို လိုရင် လိုသလို အသုံးချတယ်။ သူတို့ပါးစပ်ကပဲ တိုင်းရင်းသားပြည်သူများကြား သွေးခွဲစကား ပြောနေတယ်။ လူ့ဗရမ်းဗတာတွေလို့ ဆိုရခြင်း ဖြစ်ပါတယ်။
အကြမ်းဖက်ခေါင်းဆောင် စောကွယ်ထူးဝင်းရဲ့ စကားတွေမှာ အကြမ်းဖက် စစ်အုပ်စုသည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ခြင်းသည် ကရင်အမျိုးသားများနှင့် တိုင်းရင်းသားလူမျိုးများအားလုံး၏ လိုလားချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်မည့် ရည်မှန်းချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း၊ ကရင်အမျိုးသားများ၏ လိုလားတောင့်တချက်များ ပြည့်မီရန်အတွက် ကရင်အမျိုးသားများအားလုံး၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး၊ ကရင်နိုင်ငံရေးပါတီများအားလုံးနှင့် ကရင်အဖွဲ့အစည်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကျရာကဏ္ဍအသီးသီးတွင် တတ်စွမ်းသည့် အပိုင်းကို ဝိုင်းဝန်းလုပ်ဆောင် ကြရမည်ဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအခြေအနေအပေါ်မူတည်၍ အမျိုးသားလိုလား တောင့်တချက်များတို့ကို ပြည့်မီရန်အတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ဖြစ်ကြောင်း ပြောပါသတဲ့။
ယနေ့ နိုင်ငံတော်အစိုးရက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို အားလုံးတွေ့ဆုံဆွေးနွေးညှိနှိုင်းပြီး ဖော်ဆောင်သွားမယ်လို့ ဖိတ်ခေါ်တော့ ပြည်ဖျက်မိစ္ဆာများက မလာကြဘူး။ ပြည်ပြေး ဝရမ်းပြေးတွေနဲ့ ပူးပေါင်းပြီး ပြည်ပနိုင်ငံများက ပေးတဲ့အထောက်အပံ့ကို ရယူပြီး လူငယ်များစွာကို သေကြောင်းကြံတဲ့ အလုပ်ကို လုပ်ခဲ့ကြတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောတူညီမှုတွေက ရသင့်သလောက် ရရှိနေပါပြီ။ လွှတ်တော် ပေါ်ပေါက်လာသည်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် လုပ်သင့်လုပ်ထိုင်သည်များကို လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ပြီး ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်။
စောကွယ်ထူးဝင်းတို့လို ဂဏန်းအုပ်စုကတော့ ဘောင်မဝင်တော့ပါဘူး။ လမင်းကို ခွေးဟောင်သလို လမ်းဘေးကနေ အာချောင်နေဖို့သာ ရှိပါတယ်။
စောကွယ်ထူးဝင်း ဟိတ်ကြီး ဟန်ကြီးလုပ်ပြီး KNU ဥက္ကဋ္ဌ လို့ ဂုဏ်ဆာမနေပါနဲ့။ စောကွယ်ထူးဝင်း ဆိုတဲ့သူဟာ ကရင်လူထုအပေါ်မှာ သြဇာအာဏာရှိသူမဟုတ်ပါဘူး။ ကရင်ပြည်သူလူထုကို အကြောင်းပြုပြီး ကိုယ်ကျိုးရှာသူသာဖြစ်ပါတယ်။ မြဝတီအနီးဝန်းကျင် ကျားဖြန့်လုပ်ငန်းတွေမှာ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့တဲ့ စောကွယ်ထူးဝင်း ရဲ့ လုပ်ရပ်တွေက အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရပြီးပါပြီ။ ကရင်လက်နက်ကိုင်ခွဲထွက်အဖွဲ့တွေ များပြာလာတာကို ကြည့်ခြင်းအားဖြင့်လည်း စောကွယ်ထူးဝင်းသည် ကရင်ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားမပြုကြောင်း ထင်ရှားပါတယ်။ ရှေ့ယခင်က KNU ခေါင်းဆောင်ကြီးများ အမျှော်အမြင်ရှိစွာနဲ့ လုပ်ဆောင်ခဲ့တဲ့ NCA လမ်းကြောင်းကို ကျောခိုင်းပြီး အကြမ်းဖက်လမ်းစဉ်နောက်ကို လိုက်ခဲ့ခြင်းကြောင့် KNU သည်လည်း အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံရသည်အထိ သမိုင်းမှာ ရုပ်ဆိုးအကျည်းတန်သွားပါပြီ။
ဆိုလိုရင်းကတော့ တပ်မတော်ခေါင်းဆောင်များကို စစ်အာဏာရှင်လို့ ကင်ပွန်းတပ်ပြီး လူမျိုးကြီးဝါဒ ဆိုတာကို လက်သုံးစကားတစ်ခုလို ကရင်၊ ဗမာ သွေးခွဲနေခြင်းကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုဆောင်ရွက်နေသူ မဟုတ်ပါဘူး။ KNU လက်အောက်ကို ရောက်လာတဲ့ PDF အဖွဲ့ဝင်များ တစ်နည်းအားဖြင့် နီပိန်း ပဒက်များကို သေတွင်းထဲ တွန်းပို့ခဲ့တဲ့ ရာဇဝတ်ကောင်များထဲ က ရာဇဝတ်ကောင်တစ်ကောင် ဆိုရင် စောကွယ်ထူးဝင်း ပါပဲ။ ကရင် ပြည်သူလူထုကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်နေတဲ့ တပို့တည်းသမား စောကွယ်ထူးဝင်း ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ် ယုတ်မာရိုင်းစိုင်းခဲ့တာတွေက များလွန်းမက များပြီ ဖြစ်တဲ့အတွက် သေပန်းပွင့်တော့မှာ ဖြစ်ပါတယ်။ တူသောအကျိုးပေး ဆိုတာ ရှောင်လွှဲလို့ မရပါဘူး။
နောင်တော်လေး (ဘိုကလေး)
#MNP #News

No comments:
Post a Comment