ကျွန်တော်တို့ မြန်မာပြည်မှာ ဖြစ်နေပုံက သူခိုးက လူဟစ် ဆိုသလို ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားလုပ်ခဲ့ကြတဲ့ အဖွဲ့အစည်းက တိုင်းပြုပြည်ပြု ဆောင်ရွက်နေသူတွေကို အောက်လုံးထိုးပြီး နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။ အရှိတရား အမှန်တရားကို ပြောရင် လွယ်ရင် သူကြွယ်တောင် ခိုးပါတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာမှုတွေလည်း ခေတ်အဆက်ဆက် ရှိပါတယ်။ တပ်မတော်အစိုးရလက်ထက်၊ ပထမအကြိမ် USDP အစိုးရလက်ထက် အလွဲသုံးစားလုပ်မှုတွေ ရှိတာကြောင့် အရေးယူခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ထိုနည်းတူစွာပဲ လက်ရှိ တပ်မတော် ဦးဆောင်တဲ့ အစိုးရလက်ထက်မှာလည်း တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးရှာလိုတဲ့ ပုဂ္ဂိုလ်တချို့ကြောင့် နိုင်ငံတော်အကြီးအကဲများက ပြည်သူ့အကျိုးကို မည်မျှပင် ရှေးရှုလုပ်ဆောင်နေစေကာမူ နိုင်ငံတော်အကြီးအကဲများရဲ့ စေတနာဟာ ပြည်သူများထံ မရောက်ဘဲ လမ်းခုလတ်မှာ အလွဲသုံးစားလုပ်လိုက်ကြတဲ့အတွက် ပြည်သူတွေကြားမှာ အစိုးရအပေါ် သို့လော သို့လော ဝေဖန်မှုတွေရှိနေတာပဲ ဖြစ်ပါတယ်။
ထိုနည်းတူစွာပဲ ပြည်ဖျက်ပါတီ NLD အာဏာရတဲ့ ကာလမှာရော ပြည်သူ့ဘဏ္ဍာတွေကို အလွဲသုံးစားမလုပ်ခဲ့ဘူးလား။ NLD ကို ထောက်ခံအားပေးဝန်းရံသူတွေဟာ မီဒီယာအင်အားနဲ့ လုပ်ကြံဖန်တီးရေးသားဖော်ပြမှုတွေနဲ့ တပ်မတော်၊ ပြည်ခိုင်ဖြိုးပါတီတို့အပေါ် အများပြည်သူ ယုံကြည်မှုကင်းမဲ့အောင် လုပ်ဆောင်တဲ့ နေရာမှာ ကျယ်ပြန့်အောင် လုပ်ဆောင်ပါတယ်။ နီပိန်းများထဲမှာက စာရေးဆရာဆိုတာတွေလည်း ရှိတဲ့ လုပ်ကြံဖန်တီးပြီး အောက်လုံးထိုး အပုပ်ချ တိုက်ခိုက်မှုတွေက အတိုင်းထက် အလွန်ကျယ်ပြန့်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲကာလမှာလည်း ပြည်ဖျက်ပါတီ NLD ကို လော်ဘီလုပ်တဲ့ ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင် လူမင်းတို့ ဦးဆောင်တဲ့ အဖွဲ့ဟာ ၈တန်းမအောင်တဲ့ စာရေးဆရာ အကြည်တော်ရဲ့ သူခိုးစာအုပ်ကို ကိုးကားပြီး ပြည်ခိုင်ဖြိုးကို တိုက်ခိုက်ခဲ့ကြတာ မှတ်မိကြမယ် ထင်ပါတယ်။ လူထုကြားကို စိမ့်ဝင်ပျံ့နှံ့အောင် ဖြန့်ချိခဲ့ကြတာ ဖြစ်ပါတယ်။
အခု ရက်ပိုင်းအတွင်း ပြည်ဖျက်ပါတီ NLD အသွင်ပြောင်း CRPH, NUG အကြမ်းဖက်အဖွဲ့တွေရဲ့ ဘက်တော်သား တချိန်က မြန်မာနိုင်ငံကိုယ်စားပြု ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ရဲ့ ခိုးမှု မှတ်တမ်းကို VOA သတင်းဌာန အယ်ဒီတာဟောင်း ဦးသန်းလွင်ထွန်း က ဖော်ထုတ်ရေးသားပြဆိုလာလို့ အများပြည်သူ သိရှိခွင့် ရခဲ့ပါတယ်။ ဦးသန်းလွင်ထွန်း က ဖော်ထုတ်လိုက်တဲ့အချိန်မှာ ပြည်ဖျက်မီဒီယာတွေဖြစ်တဲ့ BBC, DVB, Mizzima တို့က သူခိုးကြီး ဦးကျော်မိုးထွန်း ကို လူသူတော်ဖြစ်အောင် အကာအကွယ်ပြုပြီး လိုက်ပါရေးသားနေကြပါတယ်။ ဖြစ်စဉ်မှာက ရှင်းလေ ရှုပ်လေ ဖြစ်နေပုံကို ဦးသန်းလွင်ထွန်း ကလည်း မကြာခဏ ထောက်ထားပြဆိုရေးသားပါတယ်။
ဦးကျော်မိုးထွန်း ခိုးတာက အခုမှပေါ်တာပါ။ ပြည်ဖျက်ပါတီ NLD ဦးဆောင်သူတွေရဲ့ ခိုးမှုတွေကို တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးချိန်မှာ စိစစ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ စာရေးသူနေနဲ့လည်း ကမ္ဘာ့စံချိန်တင် ခိုးမှုမှတ်တမ်းကို အခွင့်အခါသင့်တိုင်း အများပြည်သူ သိရအောင် ဖော်ပြပေးပါတယ်။
ပြည်ဖျက်ပါတီ NLD ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ခိုးမှုမှတ်တမ်းမှာ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဂတိလိုက်စားမှု (၉)မှု အမေရိကန်ဒေါ်လာ ၄,၁၀၆,၃၁၆ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၄၉,၂၀၆,၆၉၁,၀၆၅.၇၅ကျပ်၊ (၄၉၂၀၆ သန်းကျော်) ဖြစ်ပါတယ်။ ဦးဝင်းမြင့် ရဲ့ အဂတိလိုက်စားမှု (၅)မှု အမေရိကန်ဒေါ်လာ ၄,၀၈၈,၀၉၀ (၄သန်းကျော်)နှင့် မြန်မာကျပ်ငွေ ၂၃,၀၄၈,၁၈၆,၀၆၅.၇၅(၂၃၀၄၈သန်းကျော်) ဖြစ်ပါတယ်။ NLDပါတီဝင် ဗဟိုအလုပ်မှုဆောင် ၈ဦး၊ ပါတီဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များနှင့် ဝန်ကြီးဟောင်း ၂၀ဦး၊ ပါတီဝင်မဟုတ်သည့် ပြည်ထောင်စုဝန်ကြီးဟောင်း ၄ဦး၊ ပါတီဝင်မဟုတ်သည့် ဝန်ကြီးဟောင်း ၃ဦး တို့ ကျူးလွန်ခဲ့တဲ့ အဂတိလိုက်စားမှုဟာ အမေရိကန်ဒေါ်လာ ၁၃,၁၀၉,၉၀၈(၁၃သန်းကျော်) နှင့် မြန်မာကျပ်ငွေ ၃၆၁,၉၀၃,၉၇၄,၆၃၁.၈၅ (၃၆၁ဘီလီယံကျော်) ရှိခဲ့ပါတယ်။
မြန်မာပြည်မှာ နီပိန်းဖြစ်ရတဲ့ ဒုက္ခက မလွယ်ဘူး။ ပုဂ္ဂိုလ်စွဲ ပါတီစွဲနဲ့ အမှန်ကို အမှားထင်၊ အမှားကို အမှန်ထင် တစ်ဖက်အဖွဲ့အစည်းကို ထိုးနှက်တိုက်ခိုက်ဖို့လောက်ပဲ သိတယ်။ မိမိတို့ကို ဦးဆောင်တဲ့ ပုဂ္ဂိုလ်တွေက မိမိတို့ ပြည်သူများအကျိုးကို ကြည့်သူတွေလား၊ သူတို့ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထုကို ခုတုံးလုပ်နေသူတွေလား ဆိုတာကိုလည်း ခွဲခြားသိမြင်နိုင်စွမ်း မရှိကြပါဘူး။ နီပိန်းတွေအတွက် အကုသိုလ် အကျိုးပေးချိန်ပေါ့ဗျာ။
ပြည်သူလူထုက ယုံကြည်ကိုးစားလို့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ပေးပြန်တော့လည်း တိုင်းပြည်နဲ့ လူမျိုးအကျိုးကို မကြည့်ဘူး။ ပြည်သူ့ဘဏ္ဍာခိုးရုံမျှ အားမရနိုင်ဘူး။ မြန်မာပြည်ကို တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေလိုတဲ့ နိုင်ငံများ၊ အဖွဲ့အစည်းများထံ က သူတောင်းစားလုပ်ပြီး တပ်မတော်နဲ့ ပြည်သူကို သွေးခွဲတယ်။ အခု အာဏာလက်မဲ့ ဖြစ်သွားပြန်တော့ ပြည်ပနိုင်ငံများရဲ့ အကူအညီနဲ့ ပြည်သူများကို သေကြောင်းကြံ၊ သေတွင်းထဲ တွန်းပို့နေကြတယ်။ နီပိန်း လူငယ်တွေကို အမည်အမျိုးမျိုးနဲ့ အကြမ်းဖက်အဖွဲ့များ ဖွဲ့စည်းစေတယ်။ ပြည်ပကို အသိုက်ပြောင်းပြေးတဲ့ ပြည်ဖျက်မိစ္ဆာတွေက အဲဒီ အကြမ်းဖက်သမားလေးတွေကို အကြောင်းပြုပြီး အလှူခံတယ်။ အလှူငွေကို ခိုးတယ်။
ကဲ ဘယ်လိုလဲ။ နီပိန်းလူရမ်းကားလေးများ။ မင်းတို့ကို ဦးဆောင်တဲ့ ပြည်ဖျက်ပါတီ NLD ရဲ့ အသွင်ပြောင်း CRPH, NUG ဆိုတဲ့ အဖွဲ့က ပုဂ္ဂိုလ်တွေဟာ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရတော့လည်း ခိုးတယ်။ တာဝန်နဲ့ လုပ်ပိုင်ခွင့် မရှိပြန်တော့လည်း မင်းတို့ နီပိန်းလေးတွေကို အကြောင်းပြု အလှူခံပြီး ခိုးတယ်။ ပြည်ပြေး ဝရမ်းပြေး ကမ္ဘာကျော်သူခိုးကြီးတွေကို မေးကြည့်ကြပါအုံး။ ဘယ်တော့များမှ ခိုးတာ ရပ်မှာလဲ။ ဘယ်လို အခြေအနေမျိုးရောက်ရောက် ရအောင်ခိုးကြမှာပဲလား လို့ မေးပေးအုံး။
ဒေါင်းနင်း
#MNP #News

No comments:
Post a Comment