ပုဇွန်တောင်၊ ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံအလေးပြုခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဂုဏ်ပြုဆုချီးမြင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၇ နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့မှ နိုင်ငံတော်အလံကို ဦးဆောင်အလေးပြု ခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာ ယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သော ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာအား မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်က ဖတ်ကြားခဲ့ပြီးနောက် မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသူလေးများက အဆိုအကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ဆက်လက်ပြီး ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် မဲပေးသည့်ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းအထက် ရရှိသော အမှတ်(၄)(၆)နှင့်(၅)ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ချီးမြှင့်သော ဂုဏ်ပြုဆုငွေများအားလည်းကောင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများကို လည်းကောင်း၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ခဲ့ကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုရရှိသူများအားလည်းကောင်း ဂုဏ်ပြုဆု ချီးမြင့်ခြင်းအခမ်းအနားကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုး အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ တာဝန်ရှိသူများမှ ဆုများ ချီးမြှင့်ပေးခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ပြသခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်
#MNP #News










No comments:
Post a Comment