ဂျာမန်လိုင်းကားသမားတွေ ဆန္ဒပြလို့ တိုင်းပြည်လေဖြတ်သွား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂျာမန်လိုင်းကားသမားတွေ ဆန္ဒပြလို့ တိုင်းပြည်လေဖြတ်သွား


ဖေဖော်ဝါရီ - ၃ ( အင်္ဂါနေ့ ) 

ဂျာမနီမှာ သောင်းနဲ့ချီတဲ့  ပြည်သူ့သယ်ယူပို့ဆောင်ရေး လုပ်သားတွေဟာ ဆန္ဒပြခဲ့ကြလို့ တိုင်းပြည်တဝှမ်းက မြို့ကြီးတွေမှာ လေဖြတ်သွားပါတယ်။ လိုင်းကားသမား ဝန်ထမ်းတွေက လစာပိုမြင့်ပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေတွေကို တောင်းဆိုနေကြပါတယ်။

တစ်ချိန်တည်းမှာပင် ဂျာမနီနိုင်ငံအနှံ့အပြားတွင် အပူချိန်ကျဆင်းနေတာဖြစ်လို့ ခရီးသည်များအနေနဲ့  အခြားသယ်ယူပို့ဆောင်ရေးပုံစံများကို ရှာဖွေရန် လိုအပ်လာပါတယ်။ တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၃ နာရီမှ စတင်၍ လိုးဝါဆက်ဆွန်ပြည်နယ်ကလွဲပြီး ဂျာမန်ပြည်နယ်အားလုံးနီးပါးတွင် ဘတ်စ်ကား၊ မီးရထားနှင့် မြေအောက်ရထားဝန်ဆောင်မှု အများစုမှာ ပြတ်တောက်သွားခဲ့ပါတယ်။ 

မြူနီစပယ်နှင့် အစိုးရသယ်ယူပို့ဆောင်ရေးကုမ္ပဏီများ ညှိနှိုင်းမှုအပြီးတွင် အလုပ်သမား ၁၀၀,၀၀၀ ခန့်ကို ကိုယ်စားပြုသည့် ဗာဒီ အလုပ်သမားသမဂ္ဂက သပိတ်ကို ခေါ်ယူခဲ့တာပါ။ ဗာဒီက အလုပ်ဆင်းရက် လျှော့ဖို့ ၊ အဆိုင်းတွဲများ တိုးဖို့ ၊ အားလပ်ချိန် ပိုပေးဖို့ ၊ ညဘက်နဲ့ နှင့် စနေ၊ တနင်္ဂနွေအဆိုင်းများအတွက် အပိုဆုကြေးများပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ မြို့အများအပြားမျာက ဘတ်ဂျက်ကန့်သတ်ချက်များရှိနေလို့ မြူနီစပယ်က ခွင့်မပြုခဲ့ပါဘူး ။ 

သမဂ္ဂ၏ ကိုယ်စားလှယ် က အလုပ်သမားရဲ့ လုပ်ဆောင်ချက်ကို ခုခံကာကွယ်ခဲ့ပြီး "လုပ်ခအငြင်းပွားမှုကြောင့် ကျနော်တို့ သပိတ်ကို အချိန်မစောင့်ဘဲ လုပ်လိုက်ရတာပါ။ ကံဆိုးသွားတာက ကျနော်တို့ သပိတ်စလိုက်တဲ့ အချိန်မှာပဲ တစ်နိုင်ငံလုံး အအေးလှိုင်းဝင်တာနဲ့ တိုက်ဆိုင်ဿွားတာပါ” လို့ ဆိုသွားပါတယ်။ 

နောက်တကြိမ် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၉ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ အလုပ်ရှင်တွေက သူတို့ရဲ့ တောင်းဆိုချက်တွေကို မကျေနပ်ဘူးဆိုရင် နောက်ထပ် သပိတ်တွေ ဆက်ဖြစ်နိုင်တယ်လို့ ဗာဒီ က သတိပေးထားပါတယ်။


REF: RT 

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)