တာလေ ၊ ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားလူမျိုးများ ၏စုပေါင်းနှစ်သစ်ကူးပွဲတော်အခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက မိုင်းလင်းကျေးရွာအုပ်စု၊ နားဟိုင်းလုံကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသူများက ရိုးရာအကဖြင့်ဖွင့်လှစ်ခဲ့ပြီး တာလေမြို့တပ်နယ်မှူး၊ ဗိုလ်မှူးစိုင်းနန္ဒက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားများ တိုးတက်ရေးနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းက မြောင်ဇီး(ခ)မှုန့် တိုင်းရင်းများ၏ နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားတစ်ဦးက နှစ်သစ်ကူးပွဲတော်ကျင်းပခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် မြောင်ဇီး၊ ရှမ်း၊ အာခါ၊ လားဟူအစရှိသည့် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအား မြောင်ဇီး(ခ)မှုန့်တိုင်းရင်းသားများတိုးတက်ရေးနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းနှင့်အဖွဲ့ဝင်များက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment