ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ခိုင်ဖြိုးပါတီဌာနချုပ်တွင် လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲ ကျင်းပ














နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားအား ယနေ့ နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ နေပြည်တော် ပါတီဌာနချုပ်၊ သင်တန်းကျောင်းရှိ ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိမ်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ဗဟိုကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲအား ပါတီဥက္ကဋ္ဌ ဦးခင်ရီမှ လမ်းညွှန်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးမှ "လွှတ်တော်အတွေ့အကြုံနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ"၊ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ "လွှတ်တော်အတွေ့အကြုံနှင့် မေးခွန်းမေးမြန်းခြင်းဆိုင်ရာ ကိစ္စရပ်များ"၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမောင်သင်းမှ "လွှတ်တော်အတွေ့အကြုံနှင့် အဆိုတင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ"၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းမှ "လွှတ်တော်ဆိုင်ရာ  ဥပဒေ၊ နည်းဥပဒေများ"၊ ဗဟိုကော်မတီဝင် ဦးသိန်းထွန်းဦးမှ "ဥပဒေကြမ်းပူးပေါင်းကော်မတီဆိုင်ရာ ကိစ္စရပ်များ"အား ရှင်းလင်းဆွေးနွေးကြသည်။

ထိုနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ဗဟိုအလုပ်အမှုဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ပါတီဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးကြပြီး အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးက နိဂုံးချုပ်ဆွေးနွေးပြောကြားခဲ့ပြီး လွှတ်တော်ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)