နိုင်ငံရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ပြည်သူများ လိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး မကြာမီက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ရွေးချယ်ခံအစိုးရအနေဖြင့် ၅ နှစ်လျှင် တစ်ကြိမ်အပြောင်းအလဲရှိနိုင်သော်လည်း နိုင်ငံ့ဝန်ထမ်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်နေရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း မည်သည့်အစိုးရတက်လာသည်ဖြစ်စေ နိုင်ငံတော်၏အကျိုးကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်ထောင်စုကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း။
မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင် နေထိုင်သူများက အမှန်တကယ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားကြရန်နှင့် ဒီမြေမှာ မွေး၊ ဒီရေကို သောက်ကြသူများဖြစ်သဖြင့် ဒေသအကျိုးနှင့် နိုင်ငံ့အကျိုးအတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် အားလုံးက တစ်စုတစ်စည်းတည်း လျှောက်လှမ်းရန်လိုအပ်သဖြင့် ပြည်ထောင်စုစိတ်ဓာတ်မွေးမြူ၍ နိုင်ငံတော်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။
(၁၆-၂-၂၀၂၆ ရက်နေ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအား တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး၏ ဆွေးနွေးပြောကြားချက်မှ -)
#News #MNP

No comments:
Post a Comment