မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၇
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ရုံးပိတ်ရက်ရှည်၊ အလုပ်ပိတ်ရက်များဖြစ်သည်နှင့်အညီ မော်လမြိုင်မြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ ဘုန်းတော်ကြီးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရား ဖူးမြော်ကြည်ညိုသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ မော်လမြိုင်မြို့ပေါ်ရှိ ကျိုက်သလ္လံ ဆုတောင်းပြည့် စေတီတော်မြတ်ကြီး၊ မဟာမြတ်မုနိဘုရား၊ဦဇီနဘုရား၊ ဦးခန္ဓီဘုရား၊ နဂါးမောက်စေတီတော်နှင့် အခြားဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ရပ်ဝေးရပ်နီးမှ ဘုရားဖူးပြည်သူများက ပန်း၊ ဆီမီးများပူဇော်ခြင်း၊ မြတ်စွာဘုရားရှင်အား ဖူးမြော်ကြည် ညိုခြင်းများဖြင့် ကုသိုလ်ရယူခဲ့ကြသည်။
မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းများပေါ်တွင်လည်း ဘုရားဖူး ပြည်သူများဖြင့်လည်းကောင်း စည်ကားလျက်ရှိပြီး တောင်ရိုးတန်းလမ်းတစ်လျှောက် ဘုရား၊ စေတီပုထိုးတို့၌လည်း ရုံးပိတ်ရက်ရှည်ဖြစ်သည့်အတွက် ရပ်ဝေးရပ်နီးမှ ဘုရားဖူး၍ လာရောက် အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။
အလားတူ ညပိုင်းတွင်လည်း လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများ တပ်ဆင်ခြင်း၊ အများပြည်သူအပန်း ဖြေနေရာများ တွင်လည်းရောင်စုံမီးများဖြင့် မီးအလှများ တပ်ဆင်ထားရှိပြီး ပြည်သူများ လာရောက်အနားယူအပန်းဖြေလျက်ရှိကြောင်း သိရသည်။
ခင်စန်းမြင့်
https://t.me/MyanmarNationalPost
No comments:
Post a Comment