တန့်ယန်း၊ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်သို့ သာသနာပြုခရီး ကြွရောက်တော်မူလာသည့် သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ သည် မိုင်းရှူးမြို့နယ်မှ တဆင့် တန့်ယန်းမြို့နယ် ပါစန်ကျေးရွာမှ ကြွရောက်လာပြီး ဖေဖော်ဝါရီလ နံနက် ၈ နာရီ ၁၀ မိနစ်တွင် မဟာမြတ်မုနိဘုရားကြီးသို့ ဝင်ရောက်ဖူးမျှော်ကာ ဒေသခံပြည်သူများအား တရားတော်များ ချီးမြှင့်ဟောကြားခဲ့သည်။
မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ တရားချီးမြှင့်ပွဲသို့ တောင်တန်းသာသနာပြု ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တသုခမိန္ဒ (စဝ်စုခမ်း)၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘုရားကြီး ကျောင်းတိုက်ဆရာတော် သာသနဓဇဓမ္မာစရိယ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောလိယနှင့် ဆရာတော် သံဃာတော်များ၊ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများတို့က အရပ် (၁၀) မျက်နှာအား မေတ္တာပို့သကာ တရားတော်များ နာယူခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)
#News #MNP



No comments:
Post a Comment