မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်ဖွဲ့သုံးလက်နက်များ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်ဖွဲ့သုံးလက်နက်များ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ ကျင်းပ




မုံရွာ၊ ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ရဲတပ်ဖွဲ့သုံး လက်နက်များ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက်(၉)နာရီက အဆိုပါရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်း၊ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး၊ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး၊ သင်တန်းနည်းပြ ဆရာများနှင့် မုံရွာခရိုင် ရဲတပ်ဖွဲ့မှ သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နိုင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးသည်။

အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြဆရာ (၃) ဦးက ရဲတပ်ဖွဲ့သုံးလက်နက်များ ကျွမ်းကျင်စွာ အသုံးပြုပစ်ခတ်နိုင်ရေး သင်တန်းသား ၂၀ ဦးအား ဖေဖော်ဝါရီ လ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းကာလ ၁၂ ရက်ကြာ အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)