ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်လုံးဆိုင်ရာ (နဝမ)အကြိမ်မြောက် ပရိယတ္တိပါလက စာမေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်လုံးဆိုင်ရာ (နဝမ)အကြိမ်မြောက် ပရိယတ္တိပါလက စာမေးပွဲကျင်းပ





ဟိုပုံး၊ ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပရိယတ္တိပါလကအသင်းကြီးမှ ကျင်းပပြုလုပ်သော ၂၀၂၆ ခုနှစ်၊ မြို့နယ်လုံးဆိုင်ရာ (နဝမ) အကြိမ်မြောက် ပရိယတ္တိပါလကစာမေးပွဲကို လွယ်အွန့်ကျေးရွာအုပ်စု၊ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်နှင့် နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ဆက်လက်ကျင်းပလျက်ရှိသည်။

ပရိယတ္တိပါလကစာမေးပွဲ ဖာလွိုင်ဗွေလွန်းစာဖြေဌာနနှင့် နောင်တောင်းပရဟိတတပ်ဦးကျောင်း စာဖြေဌာနတွင် ဓမ္မာစရိယတန်း(၂၆)ပါး၊ ပထမကြီးတန်း(၂၆)ပါး၊ ပထမလတ်တန်း(၆၇)ပါး၊ ပထမငယ်တန်း(၁၄၄)ပါး၊ အခြေပြုမူလတန်း(၃၈၃)ပါး၊ ပါဒကတန်း(၁၆၀၁)ပါး စုစုပေါင်း(၂၂၄၇)ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ဖေဖော်ဝါရီလ(၁၆)ရက်နေ့မှ ဖေဖော်ဝါရီလ(၂၂)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စေတနာရှင်၊ အလှူရှင်ဒါယကာ၊ ဒါယိကာမများအနေဖြင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းနိုင်ကြောင်း သိရသည်။


#News #MNP


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)